Chapter 2472
'အလှလေးတွေကို ကျရှုံးအောင်လုပ်မယ့်စနစ်' ကလုကျင်းကိုဘာလို့ ရွေးချယ်ခဲ့လဲဆိုတာ နဉ်ရှု ရုတ်တရက်နားလည်သွားသည် ။ ဘဝမှာ အောင်မြင်နေကြတဲ့ သူတွေအကုန်လုံးက ကြီးမားတဲ့ ဇွဲ၊ လုံ့လ၊ ဝရိယ ရှိကြသည်။ ဒါပေမဲ့ လုကျင်းလို ဘာမှမလုပ်ဘဲ ကောင်းကင်ကနေ ပေါင်မုန့်ကြီး သူတို့ပေါင်ပေါ်ကျလာဖို့စောင့်မျှော်နေကြတဲ့ လူဖျင်းတွေရှိကြသေးသည် ။
အကယ်ဤ စနစ်ကသာ ကောင်းကင်ကနေ ပေါင်မုန့်ကြီး အလကားချပေးပါက လုကျင်းသည် စနစ်၏ စေညွှန်ရာသဘောအတိုင်းလုပ်မည့်သူပင် ။
အကျဉ်းချုပ်ရမယ်ဆိုရင်တော့ သူက ဘာမှမကြိုးစားဘဲ အရာရာကိုလိုချင်နေသောကြောင့်ဖြစ်သည်။
သူက အလုပ်မကြိုးစားချင်ဘူး ဒါပေမဲ့ ဘဝမှာ အောင်မြင်ပြီး အမိုက်စားဘဝကိုနေထိုင်ချင်သည် ။
ဒီလိုလူအမျိုးအစားတွေကတော့ စနစ်အတွက်ထိန်းချုပ်ဖို့ အရမ်းလွယ်ကူလှသည် ။
စနစ်က အမှန်တကယ်တော့ ဒီ ဇာတ်ကြောင်းရဲ့ ဇာတ်ဆရာဖြစ်ပြီး လုကျင်းကတော့ စနစ်ကြိုးဆွဲရာ ကရတဲ့ ကျွန်သာသာဖြစ်သည်။
" အဲ့တာက .... အမ်..... " အခန်းက လုံးဝတိတ်ဆိတ်နေကာ လုကျင်းကိုပိုမိုရှက်ရွံလာစေသည် ။ ထို့အပြင် လုကျင်း တက္ကသိုလ်ကနေ ဘွဲ့ရပြီးကတည်းက အိမ်မှာဘဲ အချိန်ပြည့်ရှိနေခဲ့ပြီး အပြင်ထွက်သည်မှာမရှိသလောက်ရှားသည် ။ အခုဆို သူ စကားဘယ်လိုဆက်ပြီးပြောရမလဲ အခက်တွေ့နေပြီဖြစ်သည် ။
သို့ရာတွင် သူသည် အစကတည်းက စကားပြောကျွမ်းကျင်သူမဟုတ်ခဲ့ပေ။
အခု လုကျင်းရဲ့ အီစီကလီလုပ်တဲ့နည်းလမ်းက နည်းနည်း ထူးဆန်းနေပြီး မရင့်ကျတ်ပေ ။ သူ့ကိုယ်ပေါ်ကို သစ်ရွက်တစ်ရွက်မှ မကပ်ဘဲ ပန်းပေါင်း ၁၀၀၀၀ ကိုရယူနိုင်စေမယ့် သူ့ရဲ့အနာဂတ်စွမ်းဆောင်မှုကြီးကို မလုပ်ဆောင်နိုင်သေးပေ ။
လုကျင်း နောက်ဆုံးတော့ ခေါင်းစဉ်ပြောင်းလိုက်ပြီး
" မကြာသေးခင်ကမှ ငါးပြတိုက်အသစ်ဖွင့်လှစ်ခဲ့တယ်လို့ ကိုယ်ကြားတယ် ။ အဲ့ဒီကိုသွားပြီး ကြည့်ချင်လား ။ "
YOU ARE READING
[နဉ်ရှု] Realm_40 : Take down system
FantasyTitle (Eng )_Quick Transmigration Cannon fodder's record of counterattacks _ Credit to the original writer. This is just translation. _ pic from Pinterest