ခြောက်ဆယ့်နှစ်(U+Z)

1.9K 104 13
                                    

Unicode

မနက်ခင်း၌မင်္ဂလာပွဲအထမြောက်ပြီးစီးသွားသော်လည်း ညနေ၌ မင်္ဂလာပွဲနဲ့အတူ ညစာစားပွဲပါရှိသည်မို့ မည်သူမှအေးဆေးမနားရပေ။နေ့လည်ဆယ့်နှစ်နာရီ၌ မင်္ဂလာပွဲပြီးသော်လည်း ညနေငါးနာရီမှာမင်္ဂလာပွဲရှိပြန်သည်။ကြားထဲ၌ အချိန်ဟာသိပ်ပင်မခြားတော့ပေ။မင်္ဂလာပွဲပွဲချင်း အိမ်ကိုမပြန်ရဘဲ ညနေပွဲလုပ်မည့်နေရာကိုသာ ချက်ချင်းဦးတည်ရသည်။ညနေသုံးနာရီလောက်မှာ နောက်တစ်ဖန်ပြင်ဆင်ခြယ်သကြရပြန်သည်။သမီးရဲ့မင်္ဂလာဆောင်ဖြစ်နေလို့သာ မောင်အတော်လေးသည်းခံနေခြင်းပင်။

"မောင်"

"အန်တီ"

အနီရောင်ကိုယ်တိဂါဝန်ရှည်နဲ့နုသည် မြင်နေကျပုံစံနဲ့မတူဘဲတစ်မျိုးလေးလှနေလေသည်။မောင့်အိမ်သူက အချိန်တိုင်းလှနေတဲ့နတ်မိမယ်တစ်ပါးလိုပင်။အသက်အရွယ်မှန်းရခက်ရအောင်ပင်နုသည် ရက်စက်စွာလှနေလေသည်။
မောင်ဖန်တီးပေးတဲ့ဝတ်စုံနဲ့မောင့်အိမ်သူလှနေလိုက်ပုံများ မောင့်မှာ ကြည့်ရင်းနဲ့ပင်အခါခါပြုံးမိသည်။

"သိပ်လှတယ်အန်တီ။ဒါပေမယ့် ဒီဝတ်စုံကိုမဝတ်စေချင်ဘူးသိလား"

"ဘာလို့လဲဟင်"

"သိပ်လှနေတဲ့အန်တီ့ကိုသူများတွေငေးကြမှာစိုးရိမ်လို့လေ"

"အို မောင်ရယ်။ဘယ်သူငေးငေးတို့ဂရုမစိုက်ပါဘူးနော်။တို့က မောင်ငေးရင်ပဲကျေနပ်ပြီ"

"မောင်က ဒီအတိုင်းလေးတစိမ့်စိမ့်ကြည့်ချင်နေတာ။မဖြစ်လို့သာရယ်"

"နောက်တော့ကြည့်ရမှာပေါ့ကွယ်"

"ဒါပေါ့"

ညနေခင်းရဲ့နေရောင်ခြည်နဲ့အတူ နုရဲ့အပြုံးတွေလွင့်စင်သွားလေသည်။ညနေခင်းရဲ့နေရောင်သည်ပူပြင်းမှုကိုမပေးစွမ်းတော့ပေ။ခပ်ညိုညိုတိမ်တွေကြားမှ ပုစွန်ဆီရောင်နေလုံးကြီးသည် ဝင်လုဆဲဆဲဖြစ်နေလေသည်။ပုစွန်ဆီရောင်နေလုံးကြီးနဲ့ဒေစီဖြူတွေဟာ ပနံ့သင့်နေသလိုလှပလွန်းနေသည်။မြက်ခင်းစိမ်းပေါ်၌ ဒေစီအဖြူလေးတွေဟာ ခပ်ကျဲကျဲလေးနေရာယူထားလေသည်။အဖြူရောင်ပိတ်သားပေါ်၌ အင်္ဂလိပ်နာမည် အစစာလုံးလေးတွေနဲ့အလှဖော်ပုံက စနစ်ကျလွန်းသည်။စိတ်ရောကိုယ်ပါ ပင်ပန်းနေတဲ့ မောင်နဲ့နုအတွက် ဒီလိုလေးမြင်ရတော့လည်း စိတ်ချမ်းစရာကောင်းလွန်းနေသည်။

"မောင့်ကြင်နာသူ"Waar verhalen tot leven komen. Ontdek het nu