"ရောင်ခြည် လာ ထိုင် မောင်မနက်စာ ပြင်ထားပေးတယ် "
သာလိကာလေးဝင်လာတာနဲ့ နေ့ သာလိကာလေးလက်ကို သွားဆွဲကာ ခုံမှာ ထိုင်စေလိုက်သည်။
အလွမ်းလက်ကို လာဆွဲတဲ့သူကို အလွမ်း မျက်စောင်းသာထိုးလိုက်နိုင်သည်။ ညက ဘာလို့နောက်ကျလည်း မေးမရတာကြောင့် အပြင်မှာသာ အိပ်ခိုင်းခဲ့သည်။
"မောင် စောစောထပြီး ပြုတ်ထားတာ အုန်းနို့တော့ လျော့ထားပေးတယ် "
နေ့ စောစောထကာ သာလိကာလေးအတွက် အုန်းနို့ခေါက်ဆွဲ ချက်ပေးဖြစ်သည်။ ကောက်နေသူကတော့ နေ့ အဆင်သင့် ပြင်ထားပေးတဲ့ ပန်းကန်လုံးထဲက အုန်းနို့ခေါက်ဆွဲကိုသာ ခေါင်းငုံ့ပြီးစားနေသည်။
"မယူရဘူး "
ငရုတ်သီး ပန်းကန်ကို ရွေ့ကာ နေ့ တားလိုက်ရသည်။
"ပြီးတာဘဲ မစားတော့ဘူး "
အလွမ်း ထဖို့ပြင်တော့ မောင်က အလွမ်းပုခုံးကနေ ဖိကိုင်ထားကာ အထ မခံ။ပြီးတော့ သူကိုယ်တိုင် ငရုတ်သီးမှုန့် အနည်းငယ်ခပ်ကာ အလွမ်းစားနေတဲ့ ပန်းကန်ထဲ ထည့်ပေးသည်။
"ဒီလောက်ဆိုရပြီး "
"အမ် မင်းမစားဘူးလား "
မောင်က အလွမ်းမျက်နှာချင်းဆိုင်ခုံမှာ ပြန်ထိုင်ကာ
"စားမှာ "
....
လအနည်းငယ်ကြာပြီးနောက်
ဒေါ်လင်းဝတီနိုင် လူကုန်ကူးမှုနဲ့ အဖမ်းခံရ
ဆိုတဲ့ စာသားနဲ့အတူ သတင်းစာ ခေါင်းစီးပိုင်းမှာ နေရာယူထူးတဲ့ မာမီ့ကို ရဲသား နှစ်ဦးက လက်ထိပ်ခတ်ကာ ရဲစခန်းသို့ ခေါ်ဆောင်သွားပုံ က နေရာယူထားသည်။
သရဖီ သတင်းစာကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ မျက်ရည်မကျအောင် ထိန်းထားရတာကြောင့် မျက်နှာတစ်ခုလုံးက နီရဲနေသည်။ သရဖီ မငိုချင်ပါ။ ဒါက မာမီနဲ့ထိုက်တန်တဲ့ အပြစ်ဘဲ မဟုတ်လား။ ဒယ်ဒီကတော့ ကိုယ်လွတ်ရုန်းကာ ရှောင်ထွက်သွားသည်။ ဘယ်ရောက်နေမှန်းတောင် သရဖီမသိပါ။ သူများမိသားစုကို ဖျက်ဆီးခဲ့မိတော့ နောင်ဘဝတောင်မကူးပါဘူး။ ကိုယ့်မိသားစုလည်း ပြိုကွဲ ခဲ့ရပြီး။
![](https://img.wattpad.com/cover/378065222-288-k821058.jpg)