Part - 1

1.7K 4 0
                                    

မင်းထက်ဘဝမှာ ဘယ်သောအခါမျှ မေ့နိုင်မည် မဟုတ်သော အချစ်ဦး တစ်ယောက်ရှိခဲ့ဖူးသည်။

ထို အချစ်ဦးသည် မင်းထက်ကို 10 တန်းတုန်းက အိမ်လာစာသင်ပေးသည့် Guide ဆရာမလေး ဆိုလည်း ဟုတ်သည်။

ယခုအချိန်မှာတော့ မင်းထက် အိမ်ထောင်ကျနေပါပြီ။

သို့သော် အချစ်ဦး အကြောင်းကတော့ ပြန်တွေးတိုင်း ရင်တစ်လှပ်လှပ် ဖြစ်နေဆဲပင်။

...

"မင်းထက် သားသား ညနေ သား Guide ဆရာမ လာမယ်နော် ဒီနေ့ စ ဝင်လိမ့်မယ်"

"ဟုတ် မာမား .. လောဆယ် သားကျောင်းသွားတော့မယ် ဖယ်ရီလာတော့မယ်"

"သားကြိုက်တဲ့ ပုစွန်ဟင်းချက်‌ထည့်ပေးထားတယ် နေ့လယ်စာ သေချာစားဦးနော်"

"ဟုတ် မား .. သွားပြီ"

...

မင်းထက်က မေမေ ဖေဖေ ဖိုးဖိုးနဲ့ အတူတူနေပြီး တစ်ဦးတည်းသော သားလေးဖြစ်သောကြောင့် မိခင်၏ အလိုလိုက်မှုကို ခံရသူတစ်ဦးဖြစ်သည်။

အထူးသဖြင့် ဒီနှစ်က ၁၀ တန်းဆိုတော့ မအေဖြစ်သူက ပို၍ပင် အလိုလိုက်ထားသည်။

ပညာရေးအတွက် လိုတာဖြည့်ဆည်းပေး၍ သားဖြစ်သူကို ထူးချွန်စေချင်သည်။

ထို့ အတွက်ကြောင့် နာမည်ကြီးသော တော်သော Guide ဆရာမများကို သားအတွက် ငွေကြေး အကုန်ကျခံငှားပေးသည်။ နာမည်ကြီး ကျူရှင်ဝိုင်းတွင် သားကို ထားထားသည်။

....

"တီချယ် လာပါ .. ထိုင်ပါ ကြွပါရှင်.. သားသားက ခဏကမှ ကျောင်းကပြန်ရောက်လို့ ခုမှ ရေချိုးပြီးတယ် .. တီချယ် ညစာ စားမလား .. ဘာစားမလဲ ဘာသောက်မလဲ လိုတာပြောပါနော်"

"ရပါတယ်ရှင် .. ညစာ စားခဲ့ပါပြီ"

"ဒါဆို ကော်ဖီ သောက်မလား အအေး သောက်မလား တီချယ်"

"ကော်ဖီပဲ သောက်မယ်နော်"

မင်းထက် မားမားက တီချယ့် အတွက် ကော်ဖီနှင့် မုန့် လာချပေးသည်။

"သားသားက စာလိုက်နိုင်ပါတယ် ချယ် .. ဒါပေမယ့် သူက စိတ်နုတယ် စိုးရိမ်စိတ် များတတ်တယ် ချယ် .. တီချယ်က ဆေးကျောင်းကဆို"

ကျွန်တော့် အချစ်ဦး Guide ဆရာမ‌လေး (18+)Where stories live. Discover now