Part -2

1.3K 5 0
                                    

မင်းထက်တို့ ပထမ လပတ် စာမေးပွဲ ဖြေဆိုပြီးမြောက်ခဲ့ပြီ။

တီချယ်ပြည့် ညတိုင်းနီးပါး အချိန်ပိုယူပြီး စာကျက်ပေးမှုကြောင့် အမှတ်စာရင်းထွက်လာတော့ မင်းထက် အမှတ်တွေက အားရစရာ။

"တီချယ် .. သားသား Bio ကို 85 တောင် ရတယ် သိလား .. Chem က 80 တဲ့ .. သူ မလိုက်နိုင်တဲ့ ဘာသာတွေကို ဒီလောက်ထိ အမှတ်ရအောင် သင်ပေးတာ တီချယ်ပြည့်ကို အရမ်းကျေးဇူးတင်တယ်နော်"

"ရပါတယ်ရှင် .. ကျွန်မလည်း ဝမ်းသာပါတယ်"

"ဒါကလေ တီချယ့် အတွက် လက်ဆောင်ပါ ဘယ်လိုမှ မအောက်မေ့ပါနဲ့ ကျေးဇူးတင်လွန်းလို့ပါ"

"အာ မဟုတ်တာ အန်တီရယ် ... မယူပါရစေနဲ့"

"ယူလိုက်ပါ ချယ်ရာ ... မာမားက တီချယ့် အတွက်ဆို တကူးတက သေချာရွေးပေးထားတဲ့ ပုဝါလေး တန်ဖိုးလည်း မကြီးပါဘူး .. စေတနာပါ လက်ခံပေးလိုက်ပါဗျာ" ဟု မင်းထက်က ဝင်ပြောတော့ တီချယ်ပြည့် အားနာနာနှင့်ပဲ လက်ခံယူထားလိုက်သည်။

ဒီလိုနှင့် တဖြေးဖြေး ရင်းနှီးလာခဲ့ကြသည်။

...........

"သား စာမေးပွဲ တစ်ခု ပြီးသွားတယ်ဆိုပေမယ့် ကြာကြာ နားပစ်လိုက်လို့ မရဘူးနော် စာပြန်ဖတ်ရမယ်"

"ဟုတ်ကဲ့ပါ ချယ်"

ထိုစဉ်

"တီချယ်‌ရေ .. စာသင်နေတာ အားနာပေမယ့် ကျွန်မ စကားလေး ဖြတ်ပြောဦးမယ်" ဟုဆိုကာ မင်းထက် မေမေ ရောက်လာသည်။

"ဟုတ် အန်တီ ပြောပါ"

"တီချယ် သတိထားမိလား မသိဘူး .. မင်းထက် ဖိုးဖိုးက ဒီရက်ပိုင်း တရှောင်ရှောင်နဲ့ နေသိပ်မကောင်းချင်ရာကနေ ခုမနက် အစာပါ မစားတော့လို့ ကျွန်မ မနက်ဖြန်ကျ ဆေးရုံသွားပြချင်လို့ .. မနက်ဖြန်ကျ အိမ်မှာ ကျွန်မ ရှိပါ့မလား မသိဘူး တီချယ်ရယ် .. အဲ့ဒါ သားသားကို မနက်ဖြန် တစ်ရက် ခွင့်ယူပါမယ်နော်"

"ဟုတ် ရတယ်လေ .. ဖိုးဖိုး အခန်းထဲမှာပဲ အိပ်အိပ်နေတော့ ညဘက် စောစော အိပ်တယ်ပဲ ထင်တာ .. နေမကောင်းမှန်း မသိလိုက်ဘူး"

"ဟုတ်တယ် တီချယ် .. လူကြီးဆိုတော့လည်း တရှောင်ရှောင်ပေါ့ ... တီချယ်တို့ စာ ဆက်သင်ကြဦးနော် ကျွန်မ ကော်ဖီလာချပေးမယ်"

ကျွန်တော့် အချစ်ဦး Guide ဆရာမ‌လေး (18+)Where stories live. Discover now