Part - 6 (End)

15.9K 40 5
                                    

မင်းထက် ဒီနေ့ ကျောင်းနေ့ တစ်ပိုင်း လစ်လာသည်။

တီချယ်ပြည့်ကို ဖုန်းဆက်သည်။ ဖုန်းမကိုင်ပါ။

စာပို့သည်။

"တီချယ် ကျောင်းမှာလား အဆောင်မှာလား"

"မမ .. ဘယ်မှာလဲ"

"မောင် လွမ်းလို့ သေတော့မယ် .. မမ ကို မြင်ရမှဖြစ်မယ်"

"မောင် ခု ကျောင်းလစ်လာနေတယ် မမ ကျောင်းဘက်ကို လာနေတယ် ..မောင့်စာကို မြင်ရင် စာပြန်ပါ"

Noti bar ကနေ တက်လာသော မင်းထက် စာများကို ပြည့် မြင်နေပေမယ့် လျစ်လျူ ရှူထားမိတာ ကျောင်းဘက်ကို လာနေပြီဆိုတော့ စာပြန်ရတော့သည်။

"သား .. တီချယ်က အဆောင်မှာ .. သား ကျောင်းကိုပြန်လိုက်ပါ"

"ဒါ‌ဆို အဆောင်လာခဲ့မှာမလို့ ထွက်ခဲ့ပါ"

"မတွေ့ချင်လို့ ပြန်လိုက်ပါနော်"

"မောင် ရူးသွားတာမြင်ချင်လို့လားကွာ"

"သား မာမား မပြောဘူးလား .. စာမေးပွဲ အတွက် စာပြန်လာသင်ပေးမှာလေ မနက်ဖြန်ကစပြီး .. မနက်ဖြန်မှ တွေ့မယ်လေ"

"မရဘူး .. ‌စာသင်ရင်း တွေ့ချင်တာ မဟုတ်ဘူး .. မောင်လာနေပြီ"

ခက်တော့တာပဲ ကလေးရယ် ... ပြည့် မျက်ရည်များ ကျဆင်းလာတော့သည်။ မမ လည်း လွမ်းတာပဲ ချစ်တာပဲ လို့ ပြောပြချင်သည်။ ဒါပေမယ့် မောင့်လက်ကို ဆက်တွဲထားဖို့က မဖြစ်သင့်တော့ဟု ထင်မိသည်။ ဖြစ်သွားသော ကိစ္စများကြောင့် ပြည့် ရှက်လည်း ရှက်မိသည်။

"မောင် အဆောင်အောက်ရောက်နေပြီ .. ခဏ ဆင်းခဲ့ပါ မမ"

ပြည့် ပြတင်းပေါက် လိုက်ကာကို ဖယ်ကာ ခိုးကြည့်လိုက်တော့ တကယ်ပဲ အဆောင်အောက်မှာ ရောက်နေသော မင်းထက်။ ပိန်သွားလိုက်တာ မောင်ရယ်။ မျက်နှာကလည်း မရိပ်သင်ထားသော နှုတ်ခမ်းမွှေး စစ‌‌ ကြောင့် ညှင်းသိုးသိုးဖြစ်နေသည်။ မင်းထက်ကို ကြည့်ရတာ စိတ်မချမ်းသာ။

ပြည့် အိမ်နေရင်း အကျီဝတ်ထားသောကြောင့် သပ်သပ်ရပ်ရပ်ဖြစ်အောင် လဲဝတ်လိုက်ကာ အောက်ထပ်သို့ ဆင်းသွားလိုက်သည်။

ကျွန်တော့် အချစ်ဦး Guide ဆရာမ‌လေး (18+)Where stories live. Discover now