အခန်း(၂၇)

730 32 0
                                    

လျန်လျန် နဲ့ လျန်ရှီသည် ဆက်ဆံရေး မပြေလည်တဲ့ အတွက် လျန်လျန်အိမ်ပြန်လာတော့ လျန်ရှီသည် သူမအားနှာရှုပ်ပြလိုက်သည်။

ထို့နောက် လျန်ရှီသည် လျန်ကျန်းမူရှိရာကို မြန်မြန်လျှောက်သွားပြီး လျန်ကျန်းမူရဲ့ လက်မောင်းကို တွဲထားကာအဖေဟု ခေါ်နေသည်။

လျန်ကျန်းမူသည် လျန်လျန် ပြန်လာတာမြင်တော့ အရမ်းပျော်ရွှင်သွားပြီး လျန်ရှီရဲ့ စကားကို ကရုမစိုက်တာကြောင့် သူမသည် ဒေါသတကြီး ခြေဆောင့်နေသည်။

သူမရဲ့ အမေသည် လျန်အိမ်ကနေ နင်ထုတ်ခံရပြီးဘာပိုင်ဆိုင်မှုကို မှမရရှိခဲ့ပေ။

သူတို့ ကွာရှင်းတဲ့ နေ့မှာ ဝူ့မန်လီသည် အသည်းသန်ငိုကြွေးခဲ့သည်။ လျန်ကျန်းမူရဲ့ ကွယ်ရာမှာ ကြိုက်သလို လုပ်နိုင်မယ်လို့ ထင်ခဲ့ပေမဲ့ သူသည် သူမကို စောင့်ကြည့်နေခဲ့ပြီးခိုင်လုံတဲ့ သက်သေကို ရတော့ သူမကို ဘာအကျိုးမြတ်မှ မရစေပဲ ကွာရှင်းခဲ့သည်။

ဝူ့မန်လီသည် လျန်ကျန်းမူအား နီရဲတွတ်နေတဲ့ မျက်လုံးနဲ့ ကြည့်ပြီး

"ကျွန်မရှင့် ဆီကဘာမှမယူရင်တောင်
လျန်ရှီက ရှင့်သမီးပဲ! ရှင်သူမကို ပစ်ထားလို့ မရဘူး! ကျွန်မ ဒီအိမ်မှာ နှစ်ပေါင်းများစွာ နေခဲ့တာတောင် ကျွန်မကို ဘာမှမပေးဘူးတဲ့လား??ရှင် အရမ်း ရက်စက်လွန်းတယ်!!"

"ကျွန်မ လျန်ရှီကို မခေါ်သွားနိုင်ဘူး! "

လျန်ရှီသည် သူမအမေရဲ့ လက်ကို ဆွဲထားပြီး သနားစရာအကြည့်များနဲ့ သူမအမေကို ကြည့်နေသည်။

"ဒီမှာနေပြီး စာကြိုးစားပါ.."

လျန်ရှီသည် ဝူ့မန်လီကို နေ့တိုင်းဖုန်းခေါ်ခဲ့ပေမဲ့ သူမဖုန်းခေါ်တိုင်း မန်လီငိုနေခဲ့သည်။ ထိုယောကျာ်းအသစ်က သူမအပေါ်ကောင်းတဲ့ သူမဟုတ်ပေ။

မန်လီအရင်တုန်းက ပိုက်ဆံတစ်ချို့ကို
ဖွက်ထားပြီး အိမ်တွေဝယ်ခဲ့ပေမဲ့ သူတို့ လင်မယားသုံးလို့ ကုန်သွားခဲ့ပြီ...

လျန်ရှီငိုယိုနေပြီး "အမေ ပြန်လာပြီးတော့ အဖေကျေနပ်တဲ့ အထိတောင်းပန်လိုက်ပါလား??"

အချစ်များအားလုံးမင်းအတွက်သာ♥️( Completed)Where stories live. Discover now