Kai……hyung တို့ကိုကျွန်တော်မေးစရာလေးရှိလို့
Yeol……မေးလေ
Kai……kyungsoo hyung ရဲ့ပထမဆုံးချစ်သူက ကျွန်တော်လားဟင်
Baek……ဟင် ဘာလို့မေးတာလဲ Kai
Kai……ကျွန်တော့် သိချင်လို့ပါ hyung ရဲ့အတိတ်ကိုသိချင်တာ hyungကိုမေးတာ့ hyungက ကျွန်တော့်ကိုစိတ်ဆိုးတယ် အ့ဒါကြောင့်မမေးတော့တာ
Yeol……kyungsoo ရဲ့အတိတ်ကိုသိချင်တာလား
Kai……nae hyungကအရင်ကရည်းစားရှိခဲ့ပြီး အဲ့ဒီရည်းစားကို နာကျည်းလို့ ချစ်ဖို့ကိုကြောက်နေတာလားဟင်
Baek……အဲ့ထက်ပိုပြီး နာကျည်းစရာတွေ Kai ရဲ့ Kyungsoo ရဲ့အတိတ်က သနားဖို့ကောင်းတယ်
သူရင်ထဲဘာတွေ ဘာလောက်ထိ ခံစားခဲ့ရလဲဆိုတာ အတူတူကြီးပြင်းလာတဲ့ hyung တို့ကအသိဆုံးပါ
Kai……ကျွန်တော့် ကိုပြောပြပါလားဟင်
Baek လည်း Chanyeol ကိုတစ်ချက်ကြည့်လိုက်တော့ Yeol ကခေါင်းလေးအသာညိတ်ပြလိုက်တော့သည်။
Baek……ဒီလို Kai ရဲ့ ဟိုးအရင်က Kyungsoo တို့မိသားစုဘဝလေးက ပျော်ဖို့ကောင်းတယ် ငွေကြေးလည်းအရမ်းပြည့်စုံပြီး အစစအရာရာ လိုလေးသေးမရှိချမ်းသာတဲ့မိသားစုမျိုး ဒါပေမဲ့ တယောက်နဲ့တယောက် နားလည်မှု့တွေကွဲလွဲလာပြီး မိသားစု တဖြည်းဖြည်းပျက်စီးလာခဲ့တယ်။ Kyungsoo ရဲ့အဖေ ကအိမ်ထောင်ရေးဖောက်ပြန်လာတယ် Kyungsoo omma ကသိတော့ သောင်းကျန်းတာပေါ့ ဒါပေမဲ့လင်မယားနှစ်ယောက်လုံးက သူလည်းသူဘဝနဲ့သူနေချင်သလိုနေ ကိုယ်လည်းကိုယ့်ဘဝနဲ့ကိုယ်နေချင်သလို နေဆိုတဲ့ပုံစံမျိုးလုပ်လာကြတယ်။ အဖေကမိန်းမတကာနဲ့ရှုပ်ချင်တိုင်းရှုပ်တာကို အမေဖြစ်သူကဘာမှမပြောတော့သလို။အမေကိုယ်တိုင်ကလည်း လောင်းကစားနဲ့မူးယစ်ဆေးဝါးသုံးစွဲတာကို တားမဲ့သူမရှိတွေဖြစ်လာတယ်။အကို ဖြစ်သူကလည်း မူးယစ်ဆေးဝါးစွဲလမ်းပြီး ဒုစရိုကလုပ်ရင်း ထောင်ကျခဲ့တယ်။
Kyungsoo ရဲ့အဖေနဲ့အမေက Kyungsoo ရှေ့ကျရင်တော့ ချစ်လိုက်တာ ဆိုပြီး သည်းသည်းလှုပ်ချစ်ပြကြပေမဲ့ ပြသာနာတွေတက်ပြီး အကြွေးတွေပတ်ပတ်လည်ဝိုင်းနေတဲ့ အချိန်ရောက်တော့ ဆယ့်နှစ်နှစ်သားအရွယ်ပဲရှိသေးတဲ့ Kyungsoo ကို မကောင်းတဲ့နေရာမှာ ရောင်းစားဖို့ထိ လုပ်ခဲ့ကြတယ်။ အသက်ငယ်ငယ်လေးနဲ့ မိဘမေတ္တာကော အစ်ကိုရဲ့မေတ္တာပါ ငတ်မွတ်ခဲ့တဲ့ အပြင် သူများလက်ထဲထိ ရောင်းစားခံရတော့မလိုဖြစ်နေတဲ့ Kyungsoo ရဲ့ဘဝကို Hyung အမေကကယ်တင်ပေးခဲ့တယ် Hyung အမေနဲ့ Kyungsoo အမေနဲ့က ညီအစ်မအရင်းတွေပါ။ hyungအမေက Kyungsoo အမေ ကို ဘယ်လိုမှကြည့်မရလို့ သူ့ဘဝနဲ့သူ ဖြစ်ချင်တာပစ်ဆိုပြီး လွတ်ထားပေမဲ့ သူ့တူ Kyungsooကိုတော့ သူမွေးစားခဲ့တယ်။ Kyungsoo မိဘနှစ်ပါးလုံးလည်း ကား accident ကြောင့် အသက်ဆုံးရှုံးခဲ့ရရှာတယ် ငယ်ငယ်ရွယ်ရွယ်နဲ့လောကဓံရိုက်ချက်တွေကို ခံလာရတဲ့ Kyungsoo ကတော့ မိဘ နှစ်ပါးလုံး သေဆုံးခဲ့တာကို သိပေမဲ့ မျက်ရည်တစ်စက်တောင် မကျခဲ့ဘူး။ hyung တို့မိသားစု နဲ့ နေသားကျလာတဲ့ Kyungsoo က hyung တို့အိမ်မှာ အလုပ်လုပ်တဲ့ Yeol တို့သားအဖနဲ့လည်း ရင်းနှီးလာတယ်။