Can't Stop ep(22)

6.3K 340 12
                                    

Kai......Bae ကြောက်တယ် မလိုချင်ဘူး Bae ကလေးမလိုချင်ဘူး hyung

Kyungsoo......Bae ဘာ ဘာလို့လဲ လာဦး ဒီမှာ ထိုင်ဦး

Kyungsoo ငိုနေတဲ့ Kai ကို ခုံတန်းလျားလေးမှာ ထိုင်ခိုင်းလိုက်ပြီး

Kyungsoo......Bae

Kai......မလိုချင်ဘူး hyung ရယ် Bae ကြောက်တယ် ဟင့် ဟင့်

Kyungsoo ရင်ထဲ တိုးဝင်ကာ ငိုကြွေးနေတဲ့ Kai ရဲ့ခေါင်းလေးကို အသာပွတ်ရင်း အားပေးနေမိတယ်။

Kai......Bae ကြောက်တယ်

လို့ထပ်တစ်လဲလဲပြောရင်း Kyungsoo ရင်ခွင်ထဲ မျက်နှာစပ်ကာ ငိုပြီးရင်းငိုနေတဲ့ Kai.

Kyungsoo......Bae တိတ်ပါတော့ကွာ မငိုပါနဲ့တော့ ဆရာဝန် ပြောလိုက်တယ်လေ Bae အရမ်းအားနည်းနေတယ်တဲ့ အရမ်းငိုနေလို့ ဘယ်ဖြစ်မလဲ အရမ်းငိုရင် Bae ပင်ပန်းနေမှာပေါ့ တိတ်တော့နော် ပြီးတော့ hyung ကိုပြောပြလေ Bae ဘာကိုကြောက်တာလဲ ဘာလို့ ဒီကလေးလေးကို မလိုချင်တာလဲဟင်

Kai......Bae ကြောက်တယ် Bae ယုံကြည်ချက်မရှိဘူး Bae အခုမှ 16 နှစ်ကျော်ကျော် Bae အနေနဲ့ ကလေးတစ်ယောက် မွေးဖို့ ဆိုတာ......ပြီးတော့ယောကျာ်းလေးတစ်ယောက်အနေနဲ့ အဲ့လိုဖြစ်တာ Bae ရှက်တယ်

ရုတ်တရတ် တိမ်ဝင်သွားတဲ့ အသံနဲ့အတူ မျက်ရည်တွေ ပြန်စီး ကျလာတဲ့ Kai
ကို Kyungsoo တင်းကျပ်စွာ ပြန်ပွေ့ဖက်ထားလိုက်တော့သည်။

Kai......Bae ကိုယ့်ကိုယ်ကို ယုံကြည်ချက်မရှိဘူး ပြီးတော့ ဒီကလေးလေးသာ တစ်ချိန်ကြ Bae က Bae က လူသတ်ဘူး......

Kyungsoo......Bae!!!!

Kai ရဲ့စကားကြောင့် Kyungsoo သူ့ရင်ခွင်ထဲကနေ Kai ကို ပြန်ထုတ်လိုက်ပြီး

Kyungsoo.........Bae ဘာလို့ အဲ့ဒီအကြောင်းပါလာပြန်တာလဲ ဘာဖြစ်နေတာလဲ ဒီကိစ္စကြောင့် ကလေးမလိုချင်တာ ဆိုရင်တော့ hyung မင်းကို စိတ်ဆိုးမိလိမ့်မယ်

Kai......ဒါ......ဒါပေ......ဒါပေမဲ့

ထပ်ပြီး အသံတွေ ထွက်မလာတော့ဘဲ ရှိုက်ကြီးတငင် နဲ့ထပ်ငိုလိုက်တော့

Kyungsoo......hyung တောင်းပန်ပါတယ် Bae ရယ် hyung ရုတ်တရတ် ဒေါသထွက်သွားလို့ပါ မငိုပါနဲ့တော့နော် အခု အိမ်အရင် ပြန်ကြရအောင် အိမ်ရောက်မှ ဆက်ပြောကြမယ်နော် လာ လာ မငိုနဲ့တော့

Can't StopWhere stories live. Discover now