I love them quietly
Part-(1)
Beginning of lifeမှောင်မည်းနေတဲ့မိုးကောင်းကင်ကြီးအောက်ကောင်လေးတစ်ယောက်မီးလောင်နေတဲ့အိမ်အပြင်ကနေ"မမထွက်လာခဲ့ပါတော့…မမထွက်လာခဲ့ပါတော့"ရှိုက်ကြီးတငင်ငိုရင်းသူအမကိုအော်ခေါ်နေရှာသည်
ခဏအကြာမှာမီးသတ်ကားဥသြဆွဲသံတွေကြားရပြီးမီးသတ်သမားတွေမီးလောင်နေတဲ့အိမ်ကိုမီးငြိမ်သတ်ပြီးသယ်ထုတ်လာခဲ့သောအသက်မရှိတော့သည့်ရုပ်အလောင်းတစ်ခု
အဲ့ကောင်လေး…အလောင်းသယ်ထားတဲ့မီးသတ်သမားဆီပြေးသွားပြီး"သားအမဘာမှမဖြစ်ဘူးမလား…သတိမေ့နေတာမလားလို့"အားကိုးတကြီးပြောနေရှာသည်
မီးသတ်သမားကကောင်လေးကိုသနားတဲ့မျက်ဝန်းနဲ့ကြည့်ကာ"မင်းအမအသက်မရှိတော့ဘူး…သေသွားပြီ"လို့အမှန်တရားကိုပြောလိုက်သည်
အဲ့အချိန်မှာမီးသတ်သမားခေါင်းဆောင်လို့ထင်ရတဲ့သူက"ဒီမီးလောင်မှုကgasမီးဖိုကစခဲ့တာပြီးအနီးအနားရှိအဝတ်စကိုမီးကူးသွားပြီးအပူချိန်အဆက်မပြတ်မြှင့်တတ်ရာမှgasကပေါက်ကာမီးလောင်မှုဖြစ်ကြောင်း"ရှင်းပြနေသည်
ဘေးနားကလူစုလူဝေးများရဲ့တီးတိုးပြောသံတွေကတဖြည်းဖြည်းပိုမိုဆူညံလာပြီးလက်ပံပင်ဆက်ရက်ကျသကဲ့သို့ဖြစ်လာသည်
"ဒီကောင်လေးရဲ့အဖေနဲ့အမေကလည်းကားတိုက်မှုကြောင့်ဆုံးသွားတာမလား…ကားတိုက်မှုမှာလည်းသူဘဲအသက်ရှင်ကျန်ခဲ့တာမလား"
"ဟုတ်တယ်…ဟုတ်တယ်…ကားမောင်းနေတဲ့သူရဲ့မျက်လုံးကိုလက်နဲ့သွားကွယ်မှတော့ကားတိုက်မှုဖြစ်ပြီးပေါ့"
"အခုလည်းတစ်ဦးတည်းသောကျန်ခဲ့တဲ့အမကိုမီးရှို့သတ်ပြန်ပြီ"
"အဲ့ကောင်လေးကဂြိုလ်ဆိုးလေးဘဲ…"
လူစုလူဝေးရဲ့တီးတိုးပြောသံတွေကိုစကားတစွန်းတစတွေကကောင်လေးရဲ့စိတ်ကိုဒဏ်ရာပေးနေတဲ့ခဲ့ကြသည်
ငယ်လွန်းသည့်အသက်အရွယ်မှာမိဘတွေကိုဆုံးရှုံးလိုက်ရယုံသာမကတစ်ဦးတည်းသောကျန်ခဲ့သည့်အမကပါမီလောင်ရင်းသေဆုံးသွားသည်ဆိုတဲ့အမှန်တရားကိုလက်မခံနိုင်သည့်အချိန်မှာသတ်သည့်တရားခံကသူပါသူကအားလုံးအတွက်ဂြိုလ်ဆိုးပါလို့လက်ညှိုးငေါက်ငေါက်ထိုးအပြောခံနေရသည်