Stay With Me episode 3

1K 140 0
                                    

Lay တယောက်တည်း ကျောင်းဝင်းထဲမှာရှိတဲ့ဘောလုံးကွင်း ဘေးက ထင်းရှူးပင်အောက်က ခုံတန်းလေးမှာ Chen ကျောင်းလာတာကိုစောင့်နေတယ်။ သူခါတိုင်းထက် ကျောင်းကိုစောစောရောက်နေတယ်။ခါတိုင်းထက်လည်း စိတ်လှု ပ်ရှားနေတယ်။

သူကျောင်းတံခါးဝကို လှမ်းကြည့်နေရတာ လည်ပင်းတွေလည်းညောင်းနေပြီ။ ၁ နာရီလောက်စောင့်ပြီးတော့ Chen ကကျောင်းဝင်းထဲကို စက်ဘီးလေးတွန်းပြီးဝင်လာတာလှမ်းတွေ့ ရတယ်။

သူပျော်သွားပြီး Chen အနားပြေးသွားလိုက်တော့ Chen က

"Lay ဒီနေ့ မင်းကျောင်းရောက်တာ စောလှချည်လား သတင်းစာမပို့ ဘူးလား"

Lay ကပြုံးပြီးခေါင်းခါလိုက်ရင်း

"ဟင့်အင်း ငါမင်းကိုလက်ဆောင်ပေးစရာရှိတယ် လာ"

Lay က Chen ကို သူကျောပိုးအိတ်တင်ထားခဲ့တဲ့ ခုံတန်းလေးနား လက်ဆွဲခေါ်သွားတယ်။

"လာထိုင်"

"ဘာလက်ဆောင်ပေးမလို့ လဲ Lay ရဲ့ ထူးထူးဆန်းဆန်း ပါလား ဒီနေ့ ငါ့မွေးနေ့ လည်းမဟုတ်ပါဘူး"

Chen က ခုံတန်းမှာထိုင်ရင်းပြောလိုက်တော့ Lay လည်းသူ့ ဘေးမှာ ဝင်ထိုင်လိုက်ရင်း သူ့ ကျောပိုးအိတ်ဇစ်ဖွင့်လိုက်ပြီး အိတ်ထဲက ဗူးလေးတခုကို Chen ကိုပေးလိုက်တယ်။

"ရော့"

Chen လည်းသိချင်လို့ ဖွင့်ကြည့်လိုက်တော့ နာမည်ကြီးbrand တခုရဲ့ တံဆိပ်နဲ့  အနက်ရောင်လက်ပတ်နာရီတခု။

"omo Lay ဒီလက်ပတ်နာရီက ဈေးကြီးတယ်ကွ မင်းဘာလို့ ငါကိုပေးတာလဲ မလုပ်ပါနဲ့ကွာ ငါလက်ပတ်နာရီလည်း မပတ်တတ်ပါဘူး ငါ့အတွက်မလိုပါဘူးကွာ မင်းပိုက်ဆံတွေကုန်လိမ့်မယ် ဆိုင်ပြန်သွင်းလိုက်ပါကွာနော်"

Chen ကအားနာလို့ ပြောတော့ Lay ကခေါင်းခါလိုက်ပြီး

"ကိစ္စမရှိပါဘူးကွာ ငါစုထားတဲ့ပိုက်ဆံထဲက ဝယ်ပေးတာပါ မင်းနဲ့ ငါနဲ့ ကသူငယ်ချင်းတွေဆိုတော့ ငါမင်းကိုလက်ဆောင်ပေးချင်လို့ ပါကွာ ယူပါ"

"လက်ဆောင်ပေးတာများကွာ ဈေးပေါတာပေးလည်းရပါတယ် င့ါကို ဒီနာရီပဲပေးရမယ်လို့ မပြောမိပါဘူး "

Stay With MeWhere stories live. Discover now