Stay With Me episode 5

1.1K 128 0
                                    

Chen အိပ်ပျော်နေရာကနေ ပြန်နိုးလာခဲ့တယ်။ သူမျက်လုံးတွေကိုဖွင့်ကြည့်လိုက်တော့ သူ့ ကိုယ်သူ wheel chair တခုပေါ်မှာထိုင်နေမှန်းသိလိုက်ရတယ်။ လက်တွေကို wheel chair လက်တန်းမှာကြိုးနဲ့ချည်ထားပြီး သူ့ ခြေထောက် ၂ ချောင်းကိုလည်းကြိုးနဲ့ ပူးချည်ထားတယ်။

သူရှေ့ ကိုကြည့်မိတော့ စားပွဲရှည်ကြီးပေါ်ကမွေးနေ့ ကိတ် အကြီးကြီးပေါ်မှာ မီးမထွန်းရသေးတဲ့ ဖယောင်းတိုင်တွေ စိုက်ထားတာတွေ့ ရတယ်။

သူနဲ့ မျက်နှာချင်းဆိုင်ကထိုင်ခုံမှာ Lay ကထိုင်ပြီး သူ့ ကိုပြုံးပြီးကြည့်နေတယ်။Lay ကမျက်ကွင်းတွေညို ပြီး မျက်နှာကဖြူ ဖပ်ဖြူ လျော်နဲ့ စိတ်နဲ့ လူနဲ့ မကပ်သလိုပဲ။

Lay ကသူ့ ကို ပါးချို မ့်လေးထင်းနေတဲ့အထိ ပြုံးပြလိုက်ပြီး

"အိပ်လို့ ပျော်ရဲ့ လား wheel chair ပေါ်မှာဆိုတော့ သက်တောင့်သက်သာတော့ရှိမှာမဟုတ်ဘူး မင်းထွက်ပြေးမှာစိုးလို့ ပါ ဘာအိပ်မက်တွေမက်လဲဟင် အိပ်မက်ထဲမှာ ငါရောပါလား

ငါကတော့လေ မင်းအိပ်ပျော်နေတဲ့ပုံလေးကို ကြည့်မဝလို့ တညလုံးအိပ်တောင်မအိပ်ပဲ ထိုင်ကြည့်နေတာ ဒါနဲ့ goodmorning နော် အခု ကိတ်မုန့် မှာ ဖယောင်းတိုင်မီးထွန်းလိုက်ရတော့မလား မင်းနဲ့ ငါနဲ့ အတူတူ ဆုတောင်းကြမယ်လေ ဘဝဆက်တောင်း အတူတူနေရပါစေ လို့ ပေါ့ ဘယ်လိုလဲ"

Chen စိတ်ပျက်ပျက်နဲ့ မျက်နှာလွှဲနေလိုက်တယ်။ သူ့ ချစ်တဲ့လူက ဒီလိုငွေရှိတိုင်း ထင်တိုင်းကြဲတတ်တဲ့ လှည့်စားတတ်တဲ့လူတယောက်ဖြစ်နေမယ်လို့ လုံးဝထင်မထားခဲ့ဘူး။သူမြတ်နိုးခဲ့တဲ့ Lay ရဲ့ ပါးချို မ့် လေးထင်းနေတဲ့ အပြုံးကိုမြင်တောင်မမြင်ချင်တော့ဘူး။ ငါမှားသွားတယ်။ငါ သိပ်ကိုမှားသွားတယ်။Lay ငါမင်းကိုမချစ်ခဲ့သင့်ဘူး။

Lay ကသူ့ အနားလျှောက်လာလိုက်ပြီး wheel chair ဘေးမှာဒူးထောက်ထိုင်ချလိုက်ကာ Chen ရဲ့ မျက်နှာလေးကိုမော့ကြည့်နေရင်း

"Chen ငါနဲ့ နေရတာ မပျော်ဘူးလားဟင် ငါမင်းလိုချင်တာအားလုံးပေးထားတယ်လေ ကိတ်မုန့့် ခွဲရအောင်နော်"

Stay With MeWhere stories live. Discover now