"ပြေးစမ်းluhan...ပြေးစမ်းကျောင်းပထမဆုံးနေ့မှာနောက်ကျလို့မဖြစ်ဘူး"
ကိုယ့်ကိုကိုအားပေးပြီးပြေးနေပေမယ့် ခြေထောက်တွေကမခိုင်ချင်တော့ကလေးပြေးတာလောက်တောင်ခရီးမရောက်ပါဘူး။တစ်ခါတစ်ခါလဲတောင်ကျသွားလိုက်ပါသေးတယ်...
"hakk..."
ကိုယ့်ဘာသာတွေးမိရင်တစ်ခြားလူမပြောနဲ့ကိုယ့်ဘာသာတောင်ရီချင်မိတယ်။ဒါပေမယ့်လည်းဘယ်တတ်နိုင်မလဲ။မွေးကတည်းကကျန်းမာရေးမကောင်းတာကိုကကိုယ့်ကံပေါ့.....
"ဟာ...သွားပီ"
ကျောင်းရှေ့ရောက်ရောက်ချင်းတွေ့လိုက်ရတာကပိတ်ထားတဲ့ကျောင်းတံခါး။အားကုန်ပြေးလာပီးမှခုလိုကျတော့အမြင့်ရောက်ပီးသားလူကိုဒုတ်နဲ့ရိုက်ချလိုက်သလိုပဲစိတ်ဓာတ်တွေကအောက်ကိုဝုန်းကနဲ...
အလိုလိုနေရင်းငိုချင်လာတဲ့စိတ်ကြောင့်ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။စိတ်ပျက်လက်ပျက်နဲ့အောက်ကိုသာထိုင်ချလိုက်ပီးကျလာတဲ့မျက်ရည်တွေကိုလက်ခုံနဲ့ပွတ်သုတ်နေရတာအကြိမ်ကြိမ်ပေါ့...
အဲ့အချိန်မှာကိုယ့်မျက်စိရှေ့ကိုရောက်လာတာကညစ်ပတ်နေတဲ့ဖိနပ်တစ်စုံ။ဘာရယ်မဟုတ်မော့ကြည့်လိုက်တဲ့အခါတစ်ဒင်္ဂအံ့သြသွားမိတာပါ...
ချောမောလှပတဲ့မျက်နှာနဲ့မလိုက်တဲ့ဒဏ်ရာဒဏ်ချက်တွေ။နှုတ်ခမ်းထောင့်မှာလည်းသွေးတွေစွန်းလို့။မဖီးထားလို့လားမသိထောင်ပီးအရောင်လွင့်နေတဲ့ဆံပင်။အင်္ကျီကလည်းဖို့ရို့ဖားရားနဲ့။ကျောင်းသားလားဘာလားမသိပေမယ့်အဲ့လိုစုတ်ပြတ်နေတာတောင်ကြည့်ကောင်းပီးချောနေတုန်းပဲ.....
"ဘာကြည့်တာလဲ...ထူးဆန်းလို့လား...နေပါဦး...မင်းအခုငိုနေတာလား...hakk...ယောက်ကျားဖြစ်ပီးငိုနေရတယ်လို့...gayလား..."
သူ့ဘာသာပြောချင်ရာပြောပီးနှုတ်ခမ်းကိုတစ်ချက်မဲ့လိုက်သေးတယ်။ပီးမှသူခိုးဂျပိုးလိုဟိုဒီကြည့်ပီးလွယ်အိတ်ကိုကျောင်းဝင်းထဲပစ်လိုက်တော့အသိတစ်ခုကခေါင်းထဲကိုဖျတ်ကနဲ...
ဒါကျောင်းအုတ်တံတိုင်းကျော်ပီးဝင်မလို့ပဲဟုတ်ပီ။သူ့ကိုအကူအညီတောင်းရမယ်ရင်အဆင်ပြေပီလို့တွေးလိုက်မိတာကြောင့်သူတက်နေမလို့ပြင်နေတုန်းအနောက်ကနေဆွဲထားလိုက်တယ်...
YOU ARE READING
My shadow
RomanceAnneyong!!!!✌✌ This is my first fanfic (Hunhan Yaoi) I try my best. so I hope this can be make you feel better. Please enjoy.Thank all of you...