"တီတီတီ...တီတီ...."
ကျွန်တော့်ရှားရှားပါးပါးနားရက်မှာ အပန်းဖြေနေတုန်း ညအချိန်မတော် ဖုန်းထမြည်လာတယ်.. ညကသောက်ထားတဲ့အရှိန်ကြောင့် မူးနောက်နောက်ဖြစ်နေပေမယ့် ကုတင်ဘေးကစားပွဲပေါ်ကဖုန်းကို လက်နဲ့ မမီမကမ်းစမ်းပြီးကိုင်လိုက်တယ်
"အင်း....."
အိပ်ချင်မူးတူးဖြင့်ကောက်ကိုင်လိုက်သော်လည်း တစ်ဖက်မှ အထက်လူကြီးရဲ့ အသံကိုကြားလိုက်သောအခါ မျက်လုံးတွေကျယ်သွားတော့တယ်...
"Nae...nae..nae.. စိတ်ချပါ.. ကောင်းပါပြီ"
တစ်ဖက်လူဆီမှ အမိန့် ပေးသံများကို 'nae' တွေထပ်နေအောင် လက်ခံပြီးတော့ ကျွန်တော့်အိပ်ချင်စိတ်လေးတွေတောင် ဘယ်ရောက်သွားလဲမသိပါ..
ကျွန်တော့်အလုပ်က အဲလိုပါပဲလေ.. 24/7 အမြဲအသင့်ရှိနေရသည်.. နားရက်ဆိုတာရွှေထက်ရှားသည်.. အခုလည်းကြည့်..နားရက်တောင်တစ်ရက်မပြည့်သေး နောက် mission တစ်ခုက၀င်လာပြီ..
ကျွန်တော့် ခေါင်းအုံးအောက်ကသေနတ်ကိုယူပြီး ကျည်ဆန်အပြည့်ရှိမရှိစစ်လိုက်သည်.. ပြီးတော့ ကျွန်တော့ ဘယ်တစ်ဖက်ညာတစ်ဖက်မှာ အိပ်ပျော်နေသော ၀တ်လစ်စလစ်ကောင်မလေးနှစ်ယောက်ရဲ့  ခန္ဓာကိုယ်တွေကို အသာလေးတွန်းဖယ်.. အခန်းနေရာအနှံ့ မှာပြန့်ကျဲနေတဲ့ အ၀တ်အစားတွေကို smart ကျကျပြန်ဝတ်ပြီး ကြမ်းပေါ်ပွထနေတဲ့ ဘီယာဘူးခွံတွေ အရက်ပုလင်းတွေကို မနင်းမိအောင် သိုင်းကွက်နင်းရင်း အလုပ်လုပ်ဖို့ ထွက်လာခဲ့တယ်..
"ငါက ဘယ်သူမို့ လို့ လဲ Lee Jinki ပဲဟာ.. ငါမလုပ်နိုင်တာမရှိပါဘူး.."
ကိုယ့်ဘာသာအားပေးရင်း ဆိုင်ကယ်ကိုစက်နှိုးလိုက်တယ်... ဆိုင်ကယ်ကို အရှိန်အမြင့်ဆုံးတင်လိုက်တဲ့ အိပ်ဇောသံဆူဆူညံညံက ညအမှောင်ထုကိုပင် ထွင်းဖောက်နိုင်သည့် အလား
****************************************
Underground club တစ်ခုရဲ့  VIP ခန်းတစ်နေရာဝယ်..
ဆွယ်တာအဖြူရောင်နဲ့ ဂျင်းဘောင်းဘီသာဝတ်ဆင်ထားပြီး နို့ နှစ်ရောင်လိုဖြူဖွေးသော အသားအရေပိုင်ရှင် အမျိုးသားချောချောတစ်ယောက်..
YOU ARE READING
ရေခဲမှတ်လို နှလုံးသား
Fanfictionငယ်ငယ်တည်းက နှလုံးသားမရှိအောင် လေ့ကျင့်ခြင်းခံလာရတဲ့ Lee Jinki... ဖြူစင်တဲ့ရုပ်ရည်နဲ့ မလိုက်ဖက်လောက်အောင် အရယ်အပြုံးဆိုတာမရှိ စာနာစိတ်ဆိုတာမရှိရက်စက်ခဲ့တဲ့သူ အချစ်ဆိုတဲ့အရာကိုတွေ့ တာတောင် အချစ်မှန်းမသိတဲ့ အေးစက်တဲ့နှလုံးသားပိုင်ရှင် အလိုလိုက်ခံထားရလ...