Chapter 2

435 33 2
                                    

"၀ုန်း..... ဒုန်း ဒုန်း......ဒုန်း.."

ရုတ်တရက်ဆိုတော့ ဘာဖြစ်မှန်းမသိလိုက်.. တိုက်တစ်ခုလုံးပြိုကျသံလိုလို ကျယ်လောင်စွာမြည်ဟီးသံနှင့် အတူ အခန်းတစ်ဖက်ကနံရံကြီး ပြိုကျသွားပြီး ပစ္စည်းများ လူများဖရိုဖရဲဖြစ်သွားကြသည်.. Kibum မျက်လုံးကိုစေ့စေ့မှိတ်ထားသော်လည်း စက်သံတစ်ခုကြားရပြီး သူရှေ့ တည့်တည့် မှာ ရပ်လိုက်သည်ကိုတော့သိလိုက်သည်...

"ချလပ်...."

"ဒိုင်း ဒိုင်း ဒိုင်း.........

ဒိုင်း... ဒိုင်း...."

သေနတ်မောင်းတင်သံကြားအပြီး တစ်ခန်းလုံးသေနတ်သံတွေဖြင့် ဆူညံသွားသည်.. တိုင်မှာခုံနဲ့ ကြိုးအတုပ်ခံထားရသူ Kibum အတွက်တော့ ကျည်ဆံများကြားတွင် လောကငရဲအလား ကြောက်လန့်နေမိသည်..

ခဏကြာတော့ သေနတ်သံတွေရပ်သွားပြီး သူ့ ကိုကြိုးဖြေပေးနေတာကို ခံစားမိသဖြင့် Kibum မျက်လုံးဖွင့်ကြည့်မိသောအခါ... သူနဲ့ အသက်မတိမ်းမယိမ်းလောက်ရှိမည့် ယောကျာ်းတယောက်...

"လာ...တက်.."

"ခင်ဗျား ဘယ်သူလဲ.."

"ဒီမှာပဲ ဆက်ပြီး ဟိုဖြတ်ဒီဖြတ် အဖြတ်ခံချင်တယ်ဆိုလည်း နေခဲ့ပေါ့"

ထိုသူလည်း ခပ်ပြတ်ပြတ်ပြောပြီး ဆိုင်ကယ်ပေါ်ပြန်တက်ဖို့ အလုပ်..

"နေ...နေပါဦး.. ကျွန်တော်လည်းလိုက်မယ်"

"ရော့ ဦးထုပ်.. သေချာကိုင်ထား.."

"ဘယ်နားကိုင်ရမလဲ..."

"ခင်ဗျား ဒါလေးတောင်မသိဘူးလား ကိုင်ဆိုသေချာကိုင်ထားပေါ့.. စကားများလိုက်တာ.."

စိတ်မရှည်သော အမျိုးသားက လှမ်းဟောက်လိုက်ရာ Kibum လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိသည့်အဆုံး သူ့ ခါးကိုသာ ဖက်ပြီးလိုက်ရတော့သည်..

အဲဒီအခိုက်အတန့် Jinki ရင်ထဲမှာ ရင်တုန်လာသလိုလို ခံစားလိုက်ရသည်.. ညကသောက်တာများသွားလို့ ပဲနေမှာပါလေ ဆိုပြီးစိတ်ဖြေလိုက်သည်

"ဖြည်းဖြည်းမောင်းနော်... ကျွန်တော်ဆိုင်ကယ်တခါမှ မစီးဖူး....Arrrrrrrrr..."

ရေခဲမှတ်လို နှလုံးသားDonde viven las historias. Descúbrelo ahora