"Kibum... မလုပ်ပါနဲ့ တော့... "
/မခံစားနိုင်တော့ဘူး Bummie ရယ်... ကိုယ်မင်းကို ဘာတွေလုပ်မိမလဲမသိတော့ဘူး/"ဘယ်သူက လုပ်ပေးချင်တယ်ထင်နေလို့ လဲ... စေတနာနဲ့လည်း လုပ်ပေးရသေးတယ်"
မျက်နှာကြီးရဲပြီး ဗျစ်တောက်ဗျစ်တောက်ပြောထွက်သွားတဲ့ Kibum ကိုကြည့်ပြီးရယ်မိတယ်...
အလို.. ကျွန်တော်ရယ်နေမိပါလား.. ငယ်ငယ်တည်းက အခုထိကျွန်တော် အပြုံးတုတွေကလွဲလို့  ဒီလိုမျိုးတစ်ခါမှ မရယ်ဖူးဘူး
Kibum ကို စတွေ့ ပြီးကတည်းက ကျွန်တော့်စိတ်တွေအရင်လို ထိုင်းထိုင်းမှိုင်းမှိုင်းမဟုတ်တော့ဘူး... စိတ်တွေကြည်လာသလိုပဲ.. ပြီးတော့ သူ့ ကိုအမြဲပျော်အောင်ထားချင်နေမိတယ်... သူနဲ့ အတူတူရှိနေရတာကို သဘောကျတယ်.. ဒီ feeling ကြီးကတမျိုးကြီးပါလား...
ခဏကြာတော့ Kibum ပြန်ဝင်လာတယ်... လက်ထဲမှာလည်းဗန်းကြီးနဲ့ ... အနံသင်းသင်းနဲ့ အငွေ့ တထောင်းထောင်းထနေတဲ့ စားစရာတွေ..
ကျွန်တော့ရှေ့ လာချတော့ ဗိုက်ကလည်း ဟန်မဆောင်နိုင်လောက်အောင် ဂွီကနဲ့ အချက်ပေးပါတော့တယ်... တူကိုကောက်ကိုင်ဖို့ ကြိုးစားတယ်...မရခဲ့ပါ... ပြန်လွတ်ကျသည် ကျွန်တော့်လက်တွေကော တစ်ကိုယ်လုံးကကြွက်သားတွေပါ နာကျင်နေတယ်... နောက်တခါကြိုးစားသော်လည်း လွတ်ကျဆဲ...
အနားမှာကြည့်နေတဲ့ Kibum လည်း မနေနိုင်တော့ပဲ ကျွန်တော့်လက်ထဲက တူကိုဆွဲယူပြီး ကျွန်တော့်ကို ခွံ့ ကျွေးပါတော့တယ်... သူကျွေးမှပဲ ကျွန်တော်အရင်ကမကြိုက်တဲ့ ဟင်းတွေတောင် ပိုအရသာရှိလာသလိုလို...
"အာ... စားလေ"
"အဲဒါ မစားချင်ဘူး... ဟိုကြက်သားလေး စားချင်တယ်"
"ဒီမှာ Lee Jinki cci... ခင်ဗျားကို ကျွေးလည်းကျွေးပေးရသေးတယ်.. ဂျီးကလည်းများသေးတယ်... အခုခင်ဗျား နာလန်ထမှာအားရှိအောင် ဟင်းသီးဟင်းရွက်လည်းစားပေးရမယ်"
Kibum က ဗျစ်တောက်ဗျစ်တောက် ပြောနေတော့ ကျွန်တော်လည်းစားလိုက်ရတယ်... သူကျေနပ်သွားပြီး ပါးချိုင့်လေးတွေပေါ်အောင် ပြုံးလိုက်တယ်... ကျွန်တော်ကလည်း ပြန်ပြုံးတဲ့အခိုက် အကြည့်ချင်းဆုံသွားပြီး မျက်လုံးချင်းစကားပြောနေမိတယ်
ESTÁS LEYENDO
ရေခဲမှတ်လို နှလုံးသား
Fanficငယ်ငယ်တည်းက နှလုံးသားမရှိအောင် လေ့ကျင့်ခြင်းခံလာရတဲ့ Lee Jinki... ဖြူစင်တဲ့ရုပ်ရည်နဲ့ မလိုက်ဖက်လောက်အောင် အရယ်အပြုံးဆိုတာမရှိ စာနာစိတ်ဆိုတာမရှိရက်စက်ခဲ့တဲ့သူ အချစ်ဆိုတဲ့အရာကိုတွေ့ တာတောင် အချစ်မှန်းမသိတဲ့ အေးစက်တဲ့နှလုံးသားပိုင်ရှင် အလိုလိုက်ခံထားရလ...