Ep 9 ~ The night

4.2K 471 14
                                    

"Doreonim ~ အဲ့ဒီ့ဘက်ကိုမသွားပါနဲ့ ~
အန္တရာယ်များပါတယ် ~ "

"Doreonim ~ ခဏနေပါဦး၊ချော်လဲလိမ့်မယ် ~ သတိထားပါ ~ "

"Doreonim ~ "
"Doreonim ~ "

တောင်အော်မြောက်အော်နဲ့...'အထိန်းတော်ကြီးကျွန်တော်Oh Sehun'တစ်ယောက်ဗျာများ

နေရတယ်...'ကိုယ်ရံတော်'ဘဝကနေ...'အထိန်းတော်'ဘဝကို...ရောက်ချင်းမလှရောက်သွားတာတော့စိတ်မကောင်းစရာပဲ:3အဲ...အထိန်းတော်လို့အခေါ်ခံရတာချင်းအတူတူတောင်...ကလေးတွေနောက်ကလိုက်ရတဲ့'အထိန်းတော်'တွေကမှအနေအစားချောင်ဦးမှာ...ကလေးဆိုတော့...ပြောစကားနားမထောင်ရင်လူအလစ်မှာဇက်ပိုးတွေဘာတွေခိုးအုပ်ပြီးဆုံးမထားလို့ရဦးမယ်လေ...အင်း...ခုတော့ကျွန်တော့်မှာ...ကလေးလဲမဟုတ်...လူကြီးလဲမဟုတ်...ဘာဆိုဘာမှကိုမဟုတ်တဲ့...'ကလေးစိတ်နဲ့လူကြီး'တစ်ယောက်ကိုလိုက်ထိန်းကျောင်းနေရတဲ့ဘဝ ~

တစ်ခါတစ်လေ...Luhanဆိုတာနန်းသက်10နှစ်လောက်ရှိတဲ့အိမ်ရှေ့စံဖြစ်ကြောင်းတွေ...ကျွန်တော်ကတော့သူ့ထက်ငယ်တဲ့16နှစ်သားတစ်ယောက်ဆိုတာတွေတောင်မေ့ချင်လာတယ် -.-အထူးသဖြင့်...ဒီနေ့လို...ရေတံခွန်စပ်

မှာပြေးဆော့နေတဲ့သူူနောက်တကောက်ကောက်လိုက်ရင်း...စိတ်မောလူမောဖြစ်နေရတဲ့အချိန်တွေမှာပေါ့ -.-

"Doreonim ~ ခဏ..."

"...အား ~ "

ကဲ ~ပြောတော့'ပြော'တဲ့လူအပြစ်ဖြစ်မယ် -.-

ခုများတော့ချော်ကျပြီလေ -.-

အမေမကယ်နိုင်...အဘမကယ်နိုင်ဖြစ်မဲ့အချိန်မှာ...ဒီကလေးထိန်းOh Sehunကြီးကပဲ...

အချိန်မှီကျောက်တုံးဘေးကိုအပြေးရောက်သွား

ပြီးကယ်လိုက်ရတယ်ပေါ့... ><

အော်သံစူးစူးကြောင့်...ထိတ်ကနဲမြည်သွားတဲ့ကျွန်တော့်နှလုံးရဲ့တုန်လှုပ်သံတစ်ချက်အဆုံးမှာ...ခြေထောက်နဲ့ခန္ဓာကိုယ်လုံးကိုစည်းချက်ညီညီအလုပ်ပေးပြီးနောက်တော့...Luhanခါးသေးသေးကကျွန်တော့်လက်မောင်းတစ်ဖက်ပေါ်ဆွေ့ကနဲလန်ကျလာတာကိုခံစားမိတယ်...ရေထဲကိုလက်လွတ်ခြေလွတ်ပြုတ်မကျဖို့အတွက်...ဆွဲမိဆွဲရာဖမ်းဆွဲလိုက်တဲ့သူ့လက်တွေကကျွန်တော့်ရင်ဘတ်နားကအကျီစတွေကိုခပ်တင်းတင်းဆွဲဆုပ်လျက်သား...ကျွန်တော့်ရဲ့ကျန်လက်တစ်ဖက်ကလဲ...ရင်ဘတ်ပေါ်ကသူ့လက်ကောက်ဝတ်တွေကိုဆုပ်ကိုင်ထားပြီး...နှစ်ယောက်လုံးလဲကျမသွားအောင်လဲဟန်ချက်ထိန်းနေရတယ်...

My Guilty HeartDove le storie prendono vita. Scoprilo ora