Soo ခဲရောင် Jean Pant ပွယောင်းယောင်းနှင့် ဦးထုပ် အမဲရောင် အား ခပ်ငိုက်ငိုက်ဆောင်းကာ မီးခိုးရောင် လက်ရှည်အနွေးထည် ဝတ်၍ ဦးထုပ်အပေါ်မှ ခေါင်းစွပ်ထပ်စွပ်လိုက်သည် (တစ်ကိုယ်လုံးမဲတူးပြီး အသားမြင်ရတဲ့နေရာ မရှိတော့ဘူး :P )
ကျောပိုးအိတ်အား ကြိုးတစ်ဖက်တည်း လွယ်၍ နားကြပ်အဖြူလေးအား နားတစ်ဖက်စီတွင် တပ်လိုက်ကာ ဘောလုံးတစ်လုံးအား လက်တွင် ပိုက်၍ ကျောင်းမှ အိမ်သို့ ပြန်လာခဲ့သည်
လမ်းတွင် သီချင်းလေး တညည်းညည်းနှင့် သူမဘဝအကြောင်းကို စဉ်းစားခန်းဖွင့်ကြည့်သည် (ကားတော့တိုက်တော့မှာပဲ :P )
Soo တို့က မိသားစုလေးယောက် Soo တွင် Kyung Soo ဆိုသော အမွှာအကိုတစ်ယောက် ရှိသည် မောင်နှမ ၂ ယောက်အတူတူ XOXO ကျောင်းတွင် တက်ရင်း ပျော်ရွှင်စွာ အလယ်တန်းအား ဖြတ်သန်းခဲ့ကြသည် သို့သော် အထက်တန်းအရောက် ကျောင်းစတက်ခါနီးတွင် Soo ၏ အဖေနှင့် အမေ ဆတ်ဆတ်ထိမခံ လင်မယားအချင်းချင်း ရန်ဖြစ်ကာ ကွာရှင်းခဲ့ကြသည် သူများတွေလို မချစ်တော့၍ ကွာရှင်းခြင်း မဟုတ် ဘာမဟုတ်သော ပြသာနာလေးတစ်ခုအား ယှဉ်ပြိုင်ချင်စိတ်ဖြင့် မလျှော့မပေးရာမှ ကွာရှင်းဖြစ်ခဲ့ခြင်း ဖြစ်သည် ကွာရှင်းတယ်ဆိုလို့ တစ်မျိုးမထင်ပါနဲ့ စာချုပ်စာတမ်းနဲ့ ကွာရှင်းတာမျိုးမဟုတ်ဘဲ အိမ်ခွဲနေတာပါ အခုမှ ၁ ပတ်ပဲ ရှိဦးမှာပေါ့ Soo အကို Kyung Soo က အဖေနှင့် နေခဲ့ပြီး Soo ကတော့ အမေနှင့် လိုက်လာခဲ့သည် ဒါပေမယ့် Soo တို့ မောင်နှမ ၂ ယောက်ကတော့ ဟိုဘက်အိမ်သွားနေလိုက် ဒီဘက်အိမ်လာနေလိုက်ပါပဲ တစ်အိမ်တည်းမှာ တစ်သပ်မတ်တည်းမနေဘဲ တစ်ယောက်နေရင် ကျန်တဲ့တစ်ယောက်က အတူ လိုက်နေတယ် အမွှာဆိုတော့ မခွဲနိုင်တာလည်း ပါတာပေါ့ ချစ်လွန်းလို့တော့ မထင်ပါနဲ့ နေ့တိုင်းရန်မဖြစ်ရ မနေနိုင်တဲ့အမွှာ မောင်နှမပါ အဖေတို့က ဘယ်လောက်တောင် ကပ်သပ်ပြီး ပြိုင်သလဲဆို Soo တို့ အခုတက်နေတဲ့ XOXO ကျောင်းထက် ပိုမြင့်တဲ့ ShinHwa ကျောင်းကို အဖေက Soo အကို Kyung Soo ကို ပြောင်းလိုက်တယ်လေ Soo ကတော့ XOXO ကျောင်းမှာပဲ ကျန်ခဲ့တယ် အမေထက် အဖေက ကလေးကို ပိုကောင်းတဲ့ကျောင်းမှာ ထားပေးနိုင်တယ်ဆိုတာ ပြချင်လို့တဲ့ တကယ်ပါ Soo လဲသာသေလိုက်ချင်တယ် အမေကလည်း အကျောမခံဘဲ Soo ကို ShinHwa ကျောင်းကို ပြောင်းပေးမို့ ပြင်တယ်လေ Soo အသေအလဲမသွားဘူး ငြင်းပြီး အိမ်မှာ သောင်းကျန်းပြလိုက်မှပဲ အမေငြိမ်သွားတော့တယ် အဲ့လိုလုပ်မှပဲလေ မဟုတ်ရင် ကျောင်းအတူတူတက်ဖြစ်သွားရင် တစ်ခုမဟုတ် တစ်ခု ထပ်ပြီးလိုက်ပြိုင်နေကြဦးမယ် ကြားထဲက Soo တို့ ၂ ယောက်ပဲ ဓားစာခံတွေကို ဖြစ်လို့ Soo အကို ShinHwa ကျောင်းကို ပြောင်းသွားတာ ၁ ပတ်လောက်တော့ ရှိပေမယ့် အကိုက ကျောင်းတစ်ခါမှ မသွားဘူး Soo တက်နေတဲ့ XOXO ကျောင်းက သူ့သူငယ်ချင်း Tao ဆိုတဲ့ ၁ ယောက်နဲ့ Band တစ်ခု ထောင်ပြီး အဆိုတော်ဖြစ်ဖို့ ကြိုးစားနေတယ်လေ Soo ကတော့ အောင်မြင်ကျော်ကြားတဲ့ မိန်းကလေး ဘောလုံးသမား ဖြစ်ချင်တာ အခြားမိန်းကလေးတွေလို အနုအရွတွေလည်း စိတ်မဝင်စားဘူးလေ အော် အိမ်ရှေ့တောင် ရောက်နေပြီ