Do Soo တယောက် ရေချိုးနေရင်းနှင့်ပင် သူ့အကို မနေ့က ပြောသွားသော ဖြစ်ရပ်ကို ပြန်တွေးမိ၍ ပြုံးစိစိဖြစ်သွားသည်
Flash Back …
Kyung Soo တယောက် စိတ်ရှည်လက်ရှည်နှင့် ထိုင်ခုံပေါ်တွင် ထိုင်ပြီး ဂစ်တာကြိုးထိုင် ညှိနေသည် Tao ကတော့ သူ၏ Gucci အိတ်များအား အဝတ်နှင့် ပြောင်လက်နေအောင် တိုက်ချွတ်နေသည် 2 ယောက်သား သူ့အလုပ်နှင့်သူ …
တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သူက Tao …
Tao : Yrr မင်း မနက်တည်းက ငါ့အိမ်ရောက်နေတာ ဒီအတိုင်းချည်းပဲ ငုတ်တုတ်ထိုင်မနေနဲ့လေကွာ ပျင်းစရာကြီး … တခုခု လုပ်ရအောင် …
Kyung Soo ညှိနေသော ဂစ်တာကြိုးကို လက်စသတ်ပြီး ဘေးကို ချလိုက်ကာ …
Kyung Soo : ကဲ ပြောကြည့်စမ်းပါဦး ?
Tao သူ့၏ Gucci အိတ်များကို ဘီဒိုထဲသို့ သေသေချာချာ သပ်သပ်ရပ်ရပ်သွားပြန်ထည့်လိုက်ကာ K.S မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်သည်
Tao : ဒီလိုကွ … မင်း အခုကောင်မလေးနဲ့ အဆင်မပြေဘူးမလား ? ငြီးငွေ့နေပြီဟုတ် ??
K.S : အင်းး ဆိုပါတော့ …
Tao : အေးကွ အဲ့ဒါ ငါတို့ ကျောင်းမှာ နာမည်ကြီးနေတဲ့ ကောင်မလေး တယောက်ရှိတယ် သူ့ကို ယောကျာ်းလေးအများစုက Kissing Queen လို့ ခေါ်ကြတယ် အတော်လည်း ချောပေ့လှပေ့ ဆိုပဲ ငါတော့ မမြင်ဖူးသေးဘူး
K.S : ဘယ်မြင်ဖူးမလဲ ? ကျောင်းမှသွားမတက်တာကိုးးး အချင်းချင်း အကြောင်းသိတွေ ကြွားမနေနဲ့ !
Tao : Yrr ! ငါအကောင်းပြောမလို့ ထမဖောက်နဲ့ ! Feel ငုတ်တယ်
K.S : Apk Feel ပဲ ငုတ်ရတယ် ရှိသေးး ဆက်ပြော ဆက်ပြော …
Tao : အေး သူတချက်စူးစိုက်ပြီး စိုက်ကြည့်လိုက်တာနဲ့ အကြည့်ခံရတဲ့ယောကျာ်းလေးက အဲ့နေရာမှာတင် ငုတ်တုတ်အရည်ပျော်သွားတာတဲ့ … အဲ့ဒါ မင်းစိတ်ဝင်စားရင် လိုက်ကြည့်ပါလား !
K.S : ဟာ မင်းဟာကလည်း ဟုတ်မှ လုပ်ပါကွာ …
Tao : မင်းကလည်းကွာ စမ်းကြည့်စမ်းပါ ရတော့လည်း အမြတ်ပေါ့ကွာ !