Soo တယောက် သူ့အဝတ်အစားထုတ်အား ဇစ်ဆွဲဖွင့်လိုက်စဉ် ...
ထွက်ကျလာသော အထုတ်တထုတ် ...
Kai ; Sehun ; Chen : What the ... !!! O.O
Soo : O.O !Soo လည်း သူ့အိတ်ထဲမှ မတော်တဆ ထွက်ကျသွားသော Tampon အထုတ်အား အမြန်ကောက်ကာ အိတ်ထဲ ပြန်ထိုးထည့်လိုက်သော်လည်း ... နောက်ကျသွားချေပြီ...
Sehun : Hyung ... Hyung တို့ အာ့ဘာထုတ်ကြီးလဲ ? ဟို ဟွာကြီးမလားဟင် ?
Chen : အာ့ဘာမှမုတ်ဘူး ... Hunnie က အာ့တွေ သိဖို့ ငယ်သေးတယ် ဘာမှမုတ်ဘူး ဘာမှမုတ်ဘူး ... (လူကဖြင့် သေခါနီး အဖိုးကျိရုပ်နဲ့ :P )Kai : Chen Yrr သူလည်း အရွယ်ရောက်နေပါပြီကွာ သိသင့်သလောက်တော့ သိနေပါပြီ ဟျောင့် ! Kyung Soo !!!
Soo လည်း တုန်တုန်ယင်ယင်နှင့် နောက်လှည့်ကာ ...
Soo : ဗျ... ဗျာ ??
Kai : မိန်းကလေးသုံးပစ္စည်းက ဘာကိစ္စ မင်းအိတ်ထဲ ရောက်နေတာလဲ ရှင်းစမ်း !
Soo : အဲ့ဒါ အဲ့ဒါက ... ဟိုလေ ဟို ...
Kai : ......... -_-
Soo : ငါ့မှာ နှာခေါင်းသွေးလျှံတတ်တဲ့ ရောဂါရှိတယ် ... အဲ့ဒါ ဒီ Tampon ချောင်းနဲ့ဆို ပျောက်သွားရော ... မင်းတို့ အဲ့လိုမလုပ်ဖူးဘူးလား ?
၃ ယောက်သား ခေါင်းကို ပြိုင်တူ ခပ်သွက်သွက် ခါလိုက်သည်
Soo : မင်းတို့ကလည်းကွာ ဒီမှာ ပတ်ဂျီဆန်တောင် အဲ့လိုလုပ်တယ်ကွ မှတ်ထား ! ( ပတ်ဂျီဆန်= နာမည်ကြီးကိုရီးယားဘောလုံးသမား XD )
Kai ; Chen ; Hun : O.o
Soo : ဒီအထုတ်ကို ဖောက် ဒီမှာကြည့် နှာခေါင်းသွေးလျှံတဲ့အခါ ဒီအချောင်းကို နှာခေါင်းထဲ ဒီလို ထိုးထည့်ထားလိုက် ... သွေးတိတ်သွားရော ... :D
Chen : O.O ဟားဟားဟားဟား !!!!
Sehun : အိုက် ရွံဆြာကျိ ! @_@
Kai : :/
Chen : ဟျောင့် Kai ရေ ကြည့်သာလုပ်တေ့ မင်းအခန်းဖော်က လက်စသတ်တော့ ဂေါက်သီးပဲကွ ဟားဟားဟား ...
Sehun : ငပေါကောင် ...
Chen နဲ့ Sehun ကတော့ တယောက်တပေါက်နှင့် Soo အား ချီးမွှန်းစကားပြောကာ ရီမော၍ အခန်းအပြင် သို့ ထွက်သွားကြသည် ...