Soo 'pov : Arnthwe !!! အမေရေ ကယ်ပါဦး အမေ့သမီးဘဝတော့ ရေစုန်မျောရပါတော့မယ် T.T
ထိုစဉ် နည်းပြ Si Won အထဲသို့ ဝင်လာကာ Soo ရှေ့ ပိတ်ရပ်လိုက်ပြီး
Tr. Si Won : Kyung Soo ! မင်းရေချိုးလို့ မရသေးဘူး ကျောင်းအုပ်ကြီးခေါ်နေတယ် ! အရင်သွားလိုက်ဦးး !
Soo တယောက် သွားအကတ်လိုက်နဲ့ ပခုံးပေါ်မှ Sehun လက်အား ပုတ်ချကာ Yes Sir ! ဟု ပြောင်ချော်ချော် အလေးပြုပြီး အခန်းထဲမှ ခုန်ပေါက်ကာ ပြေးထွက်သွားလေသည် …
Soo ' pov : Omma Gomarwor ! :D
( ကြီးတော်မို့ အမေ့ကို ကျေးဇူးတင်နေတယ် ညည်းကို ကျုပ်နဲ့ Reader တွေ ကယ်တာဟဲ့ ! :P )
~~~~~~~~~~~~~~~~
Soo ကျောင်းအုပ်ကြီးရုံးခန်းထဲက အထွက် … ရုံးခန်းရှေ့မှ အလျင်လိုသလို အမြန်ဖြတ်လျှောက်လာသော ကောင်မလေး တယောက်နှင့် ဝင်တိုက်မိကာ … ထိုကောင်မလေးလက်ထဲမှ စာအုပ်များ ပြုတ်ကျကုန်သည် …Soo : Opps Sry ပါဗျာ Sry ပါ အဆင်ပြေရဲ့လားမသိဘူး …
Girl : ရပါတယ် ရပါတယ် ဟုဆိုကာ ကျသွားသော စာအုပ်များအား ဆောင့်ကြောင့်ထိုင်ကောက်နေသည်
Soo : ကျနော် ဝိုင်းကူပေးမယ် …
Soo စာအုပ်များအား ဝိုင်းကောက်ပေးရန် ထိုင်လိုက်သောအခါ ထိုကောင်မလေးစီးထားသော ဖိနပ်အား ကြည့်မိပြီး
Soo : Oh ! လှလိုက်တဲ့ဖိနပ်လေးးး
Soo စကားကြောင့် ထိုကောင်မလေးက Soo ဆီသို့ ရောက်နေသော သူ့မျက်လုံးအစုံအား ဖိနပ်သို့ ပို့လိုက်ကာ
Girl : အော် အဲ့ဒါလား ? ကျောင်းအနောက်ဘက်က စတိုးဆိုင်က ဝယ်လာတာ
Soo : စတိုးဆိုင်မှာ ဖိနပ်လည်း ရောင်းတယ် ? Wow ! မိုက်တယ် ဖိနပ်လေးက ချစ်စရာလေးး
Girl : အင်းးးးး :/
Soo လည်း ထိုကောင်မလေး၏ မအီမလည်မျက်နှာကို သတိထားမိမှ ကိုယ့်ကိုကိုယ် ဘာတွေပြောနေမိမှန်း သတိထားမိသည်
Soo : အာ ဟိုလေ ညီမလေးကို ဝယ်ပေးမလို့ပါ ကျနော့်ညီမလေးက ဖိနပ်လှလှလေးတွေဆို သိပ်သဘောကျတာ ဟီးးး