Ep.3

613 57 0
                                    

yeol တစ်နေကုန်ပဲ အလုပ်ထဲမှာ
သူ့စိတ်တွေအကုန် လုံး baekyun ဆီကိုပဲ ပုံပေးထားတော့တယ် Yeolတွေးနေခဲ့တာ တစ်ခုက
"မနက်က baekyun ဘာဖြစ်သွားတာလဲ ငါကရောဘာဖြစ်နေတာလဲ ချစ်နေမိပြီလား ဟာာာ မဖြစ်နိုင်ဘူး ယောကျာ်းလေးချင်းကို ဒါပေမဲ့ ဘာဖြစ်လဲ  ယောကျာ်းလေးချင်းလဲ  အာာ baekyun yahh ဘယ်လိုလုပ်ရမလဲ"

Director: chanyeol shiii ဘာဖြစ်နေတာလဲ
yeol ရဲ့ မရွှင်မလန်း ရုပ်ကို ကြည့်ပြီး ရုပ်ရှင်အဖွဲ့သားတွေအားလုံး ဒီနေ့အဖို့ အား ပျက်နေကြတယ် အရင်ဆို တက်တက်ကြွကြွနဲ့ ပြုံးရွှင်နေတဲ့ သူများတွေကို လိုက်စပြီး ပျော်ရွှင်နေတဲ့ director ဆူရင်တောင် အပြုံးမပျက်တဲ့ yeolတစ်ယောက် ဒီနေ့တော့ သူ့မျက်နှာမှာ အဲ့ဒါတွေနဲ့ ဆန့်ကျင်ဘက်တွေကိုပဲ တွေ့နေရလို့လေ

Yeol: Nae
Director: personal caseတွေကို တတ်နိုင်သမျှ ဖျောက်ထားပါ
ခဏခဏ ပြန်ပြန် ရိုက်နေရတော့ စိတ်မရှည်နိုင်တော့ဘူး လေ

Yeol: nae တောင်းပန်ပါတယ်
Director: ok ကဲ shooting ပြန်စမယ်

shooting အပြီး dorm ကိုပြန်ရောက်တော့ ည 8နာရီ ပင်ထိုးလေပြီ
Sehun: hyung Baekyun hyung ကိုတွေ့မိသေးလား

ခုချိန်မှာ yeol ရဲ့စိတ်က မတည်ငြိမ်တော့ အော်လိုက်မိတယ်
"ငါက ဘယ်သိမှာလဲ ငါတစ်နေကုန်ကုန် shooting မှာဟာကို"
"hyung ဘာဖြစ်နေတာလဲ ကျွန်တော်က စိုးရိမ်လို့မေးတာကို သူတစ်နေ့လုံးပျောက်နေတယ် ဖုန်းလဲ မကိုင်ဘူး အားလုံးစိတ်ပူနေကြတယ်"

"ဘာ......"

yeol လဲ စိတ်ပူလာပြီ ရင်ဘတ်ထဲမှာ တဒိန်းဒိန်းနဲ့ အစက baekyun လို့ကြားလိုက်ရုံနဲ့ ခုန်လာတဲ့ ရင်တွေက အခု တုန် ရင်နေပြီ
yeol ပျာပျာသလဲ ဖြစ်နေပြီ baekyun သွားတတ်တဲ့ နေရာတွေကိုတစ်ခုပြီး တစ်ခု စဉ်းစား တယ် နောက်ဆုံးတော့ သိသွားသလိုဘဲ

"သိပြီ ငါသိပြီ သူဘယ်မှာလဲ ဆိုတာ..."
"hyung အာ့ဆိုပြောလေ ကျွန်တော်သွားရှာလိုက်မယ် hyung ပင်ပန်းနေပြီမလား"
hun လေးခမျာ သူ့ကိုအော်လိုက်တာတောင် အလုပ်က ပင်ပန်း လာတဲ့ hyung ကိုကြည့်ပြီး ကူတောင် ကူညီဦးမယ်လုပ်နေတာ
"ရတယ် ရတယ် ငါသွားမယ်"ဆိုပြီး ပြေးထွက်သွားတယ်

ဘာမှနားမလည်နိုင်တော့တဲ့ hunလေးခမျာ
"ဘာတွေလဲကွာ ရှုပ်နေတာပဲ"
သူ့ခေါင်းသူ လက်ကလေးနဲ့ ဖွလိုက်ပြီး ပြောလိုက်တယ်

CHANBAEK is REALWhere stories live. Discover now