နှစ်ယောက်တူတူခေါက်ဆွဲပြုတ်သောက်ရင်း
yeolက"baekyun နောက်ဆိုအဲလိုတစ်ယောက်ထဲ သွားချင်ရာမသွားပါနဲ့ကွာ ငါဘယ်လောက်စိတ်ပူရလဲမင်းသိရဲ့လား""မင်းက ဘာလို့စိတ်ပူတာလဲ"
အဲ့ချိန် yeol baekyunရဲ့ ပါးနှစ်ဖက်ကိုလက်နဲ့ ဘေးတစ်ဖက်တစ်ချက်ဆီကိုကားနေအောင် ဆွဲလိုက်ပြီး
"aigoo....."yeol စကားမဆုံးသေးဘူး တစ်ချိန်ထဲမှာပဲ
"အဟမ်း အဟမ်း baekyun hyung ပြန်ရောက်ပြီလားတစ်နေကုန် ဘယ်သွားနေတာလဲ ကျွန်တော်တို့ဘယ်လောက်စိတ်ပူနေရလဲသိလား "အငယ်လေးက စိတ်ပူတတ်လိုက်တာ ဟီဟီး"ဘယ်မှမသွားပါဘူး မြစ်ကမ်းနားမှာ သွားထိုင်နေတာ စိတ်ပြေလက်ပျောက် မင်းတို့ကိုစိတ်ပူအောင်လုပ်မိလို့ တောင်းပန်ပါတယ်ကွာ "
"ရပါတယ် နောက်ကိုအဲ့လိုထပ်မလုပ်နဲ့နော်"
"အင်းပါကွာ "ညဘက် yeolနဲ့ baekyun နှစ်ယောက်အိပ်ရာထဲမှာ
"မင်းစကားကိုဆက်ပြောဦးလေ"လို့ baekyun ကပြောလိုက်တော့"ဘာကိုလဲ"
yeolမသိသလိုလိုနဲ့လုပ်နေတယ်
"ငါ့ကိုဘာလို့စိတ်ပူတာလဲ"လို့မေးတာ
"အော် ငါတို့ member ဘယ်နှယောက်ရှိလဲ "
"၁၂ယောက်လေ"
"အဲဒိထဲမှာမင်းဘယ်သူ့ကိုအခင်ဆုံးလဲ"baekyun တောင့်ဆိုင်းခြင်းတောင်မရှိဘဲ ပြန်ဖြေလိုက်တယ်
"မင်းကိုပေါ့ ဒါကြောင့်ငါအားတဲ့အချိန်တိုင်းမင်းနဲ့အတူတူရှိနေတာပေါ့ ပြီးတော့ အတူတူရှိနေချင်တာ"
"အင်း ငါလဲမင်းနဲ့အတူရှိနေရင်ပျော်တယ် မင်းကိုအခင်ဆုံးပဲ မင်းရှိနေရင်အရာရာပြည့်စုံတယ် မင်းလိုအပ်တဲ့အချိန်တိုင်းမှာ လိုသလိုသုံးလို့ရတဲ့အရာဖြစ်ချင်တယ် နောက်ဆုံးကွာ မင်းပျင်းလာလို့ chanyeol yahhငါတစ်ယောက်ထဲ ပျင်းနေတယ်လို့ ph လေးတစ်ချက်ဆက်ရုံနဲ့ မင်းနဲ့အတူဟာသတွေပြောပေးပြီး ပျော်အောင်လုပ်ပေးချင်တယ် ပြီးတော့ မင်းပေးတဲ့လက်ဆောင်တွေကို ဘယ်နေရာမှာအသုံးချချ ဒါက ငါ့member baekyun ပေးထားတဲ့ ဟာ လို့ပြောပြီး ဂုဏ်ယူတဲ့စိတ်လေးနဲ့ အသုံးချချင်တယ် "
yeol မျက်နှာက ရှေ့လေးကိုလှည့်ပြီး ရှက်ရှက်နဲ့ ပြောနေရင်း
တစ်စုံတစ်ခုက သူ့ပါးကိုထိကပ်လိုက်တယ်လို့ခံစားလိုက်ရတယ်
တကယ်တော့ သူ့ပါးကို baekyun နမ်းလိုက်တာပါ
ဟုတ်လဲဟုတ်တာပဲ သူပြောတဲ့စကားတွေက
baekyun ရင်ထဲကိုရွစိရွစိဖြစ်နေမှာပဲလေ
အဲ့တော့ yeolလဲ
"yahhh byun baekyun မင်းငါ့ကို မင်းကောင်မလေးလို့ထင်နေလား"
"အာ sorry ကွာ ငါလဲ ဘယ်လိုဖြစ်သွားမှန်းမသိဘူးကွာ ငါက ဟာ မသိတော့ဘူးကွာ ငါအိပ်တော့မယ် "
လို့ပြောပြီး စောင်ကို ခေါင်းမြီးခြုံပြီး လှဲအိပ်လိုက်တယ်yeolကတော့ တစ်ယောက်ထဲ အတွေးနယ်ချဲ့နေတယ်
"baekyun မင်းဘယ်လိုလုပ်လိုက်တာလဲ မင်းကနောက်တာနေမှာပါ ဒါပေမဲ့ ငါ့ရင်တွေ အရမ်းခုန်နေတာ ဒါပေမဲ့ ဟူးးး မဖြစ်နိုင်ပါဘူးကွာ "
တွေးရင်းတွေးရင်းအိပ်ပျော်သွားတယ်
ညသန်းခေါင်လဲရောက်ရော yeolအိပ်နေရာကနေ နိုးလာတယ် နာရီကြည့်လိုက်တော့ ၁နာရီခွဲ yeolနိုးလာရခြင်းက baekyun ရဲ့ညည်းသံကြောင့်ပေါ့
"baekyun yahh ဟာ ကိုယ်တွေပူချစ်နေတာပဲ ဒုက္ခပဲ တစ်နေကုန် မြစ်ဘေးမှာထိုင်နေလို့ဖြစ်လိမ့်မယ် အိပ်ရေးပျက်တာတွေကော နဲ့ ဖျားနေပြီထင်တယ်"
baekyun ရဲ့ ညည်းသံကတော့ အဆက်မပြတ်ထွက်နေတယ်
"chanyeol yahh ငါတစ်ယောက်ထဲမနေတတ်ဘူး မင်းမကောင်းဘူးကွာ ငါမင်းကိုချစ်နေတာ မင်းမရိပ်မိဘူးလားကွာ ငါဘယ်ကောင်မလေးကိုမှချစ်လို့မရဘူး အခြားmemberတွေပြောမှာလဲကြောက်တယ် chanyeol yahh မသွားပါနဲ့ jalba ငါ့ကိုထားမသွားပါနဲ့ကွာ "
"baekyun မင်းယောင်နေတာပဲ ငါလဲတူတူပါပဲကွာ ငါလဲ အရမ်းပင်ပန်းတယ်"
ပြောပြီး yeol baekyun ကို ဆွဲဖက်ထားလိုက်တယ်
yeolရဲ့ မျက်ဝန်းအိမ်တွေမှာလဲ မျက်ရည်စတွေပြည့်နှက်နေလေရဲ့ အဲ့မျက်ရည်တွေက ကြေကွဲခြင်း အားနာခြင်း ပင်ပန်းခြင်း နဲ့ ချစ်ခြင်းမေတ္တာတွေကိုဖော်ပြနေတယ်လေ yeol baekyun ရဲ့ ပူပြီး ချွေးလေးတွေစို့နေတဲ့ နဖူးလေးကို သူ့နှုတ်ခမ်းလေးနဲ့ ဖွဖွလေး အကြင်နာပေးလိုက်တော့ သူ့ရဲ့စို့နေတဲ့ မျက်ရည်စလေးတွေ ပါးပြင်ပေါ်ကို အထိန်းအကွတ်မရှိ ကျဆင်းလာတာပေါ့"baekyun ရယ် ငါ့ကို ရင်ခုန်အောင် ရင်တုန်အောင် ပျော်အောင် ဝမ်းနည်းအောင် လုပ်ပေးနိုင်တာ ကမ္ဘာပေါ်မှာမင်းတစ်ယောက်ထဲပါကွာ ငါလဲမင်းကိုချစ်ပါတယ်ကွာ"
yeol baekyun ရဲ့ ကိုယ်ပူတွေကျအောင်ရေဖတ်ဝတ်ကပ်ပေးပြီး လက်လေးကိုကိုင်ရင်းနဲ့ တစ်ညလုံး baekyun ဘေးမှာပဲ အချိန်ကုန်နေတာပေါ့
"baekyun ရယ် မင်းက မနက်ရောက်ရင် ဒီအကြောင်းတွေကိုမေ့သွားမှာ ငါ့မှာတော့ ရုးတော့မယ် တို့နှစ်ယောက်အကြောင်း ကို တခြားသူတွေသိသွားရင်ကော လက်ခံမှာလား ငြင်းဆန်မှာလား fan တွေကကော ငါရူးတော့မယ်ကွာ"စဉ်းစားရင်း စဉ်းစားရင်း သူ့ညလေးကို baekyun ကိုစောင့်ရှောက်ရင်းကုန်ဆုံးစေတော့တယ်
