Ep.2

937 62 0
                                    

စားစရာပြင်ဆင်ရင်း

D.O: ဘယ်လိုလဲ .....baekyun နဲ့ အစဉ်ပြေသွားပြီလား.....

yeol: ငါ့မှာမနဲကြိုးစားပြီးချော့ထားရတယ်....စကားတော့ပြန်ပြောလာပြီ
အကြောင်းက yeol anti fan movie ရိုက်လို့ j ဝင်နေတာလေ
အဲဒါနဲ့ DO က"အဲဒါသဝန်တိုတာကွ"လို့နောက်လိုက်တော့ "မဟုတ်တာမပြောနဲ့ ရိုးရိုးခင်တာကွ "yeolနားတွေနီလာပြီး ရှက်ကိုးရှက်ကန်းနဲ့ပြန်ပြောလိုက်တယ်.....

ပြီးမှ
Yeol: အဲဒါအရေးမကြီးဘူးဒီနေ့ငါ့ shooting ကိုလိုက်မလို့တဲ့
DO: အဲ့ဒိတော့
Yeol: မတော်တဆ Taeyeon Noona ပါလာရင်ဘယ်လိုလုပ်မလဲ
stalker တွေကပုံကြီးချဲ့နေရင်လွယ်တာမဟုတ်ဘူး

D.O က "အဲဒါလဲဟုတ်တာပဲ" လို့ ကလန့်သလိုသဘောမျိုးနဲ့ ပြူးလေးက ပြောတော့ yeol မျက်နှာကြီးမဲ့ပြီး ပြန်ပြောတယ်"ဟိုတစ်ခါကဆို ဘာမှမဟုတ်ဘဲပုံကြီးချဲ့လိုက်လို့ baekyun ကို ငါဂရုစိုက်ရတာမလွယ်ဘူး"တဲ့

DO: မင်းက ဘာလို့ ဂရုစိုက်နေလဲ
Yeol: ချစ်.......အာ မင်း ကွာ တော်ပြီ....တခြားသူတွေကြားသွားရင်မကောင်းဘူး

အဲ့အချိန် ဝင်လာတာက baekyun
Baek: နှစ်ယောက်ထဲဘာတွေလုပ်နေတာလဲ
လေသံကခပ်ပြတ်ပြတ်

D.O : ဘာလုပ်ရမှာလဲ မင်းတို့စားဖို့ လုပ်နေတာလေ.....ကဲ ငါ members တွေကိုသွားနှိုးလိုက်ဦးမယ်

D.O မီးဖိုထဲကထွက်သွားတော့မှ
Baek: yahhh park chanyeolမင်းငါ့ကိုမနှိုးဘဲ kyungsooနဲ့နှစ်ယောက်ထဲ လုပ်နေတာပေါ့လေ
ငဘတ် jelly နင်နေပြီ ဟီဟီး

Yeol: ငါက မင်းပင်ပန်းပြီးအိပ်နေတာကို ဘယ်လိုလုပ်နှိုးရက်မလဲ...
Baekနှုတ်ခမ်းကြီးတစ်တောင်လောက်ရှေ့ထွက်ပြီး
"ဒါဆို ငါပြောထားတဲ့ shooting လိုက်ဖို့ကိစ္စကကော???"

Yeol: မလိုက်ပါနဲ့ကွာ ငါတို့က idolတွေမလား
Baek: ဘာဆိုင်လို့လဲ ရှည်ရှည်ဝေးဝေးတွေပြောမနေပါနဲ့

Yeolထပ်ခါတလဲလဲ ဒီစကားပဲဆက်ပြောနေတယ် မလိုက်ပါနဲ့ကွာ baekyunကလဲ အားမလျှော့ မလိုက်နဲ့ကွာ မရဘူး လိုက်မှာဘဲ မလိုက်နဲ့ လိုက်မယ် လိုက်မယ် မလိုက်နဲ့ ပဲ စကားအချေအတင်ဖြစ်ရင်း yeolစိတ်မရှည်ဘဲ အော်ပြောလိုက်တယ်

Yeol; ဘာလဲ မင်းက Taeyeon noona နဲ့တွေ့ချင်လို့လား
Baek: ဘာ...
ခုနကyeolနဲ့အပြိုင် ငြင်းနေတဲ့ သူ့နှုတ်ခမ်းတွေ ဘာ ဆိုတဲ့ စကားလုံးအပြင် ထပ်ထုတ်လို့မရတော့ဘဲ yeolကို ခဏ စိုက်ကြည့်နေခဲ့တယ်
ပြီးမှ မျက်ရည်တွေဝဲလာပြီး လှည့်ထွက်သွားတယ်
"chanyeol yahh....မင်းနားမလည်ဘူးလား....အခုငါ့ရင်ထဲမှာ မင်းပဲရှိတယ် shooting လိုက်မယ်ဆိုတာကလဲ မင်းနဲ့အတူရှိချင်ရုံပါ ငါလဲအလုပ်တွေများပါတယ် မအားဘူး ဒါပေမဲ့ မင်းနဲ့ပဲအတူရှိနေချင်တယ် သေချာပါတယ် ...ငါမင်းကို.............."

yeolကတော့ လှည့်ထွက်သွားတဲ့သူကိုတားချိန်တောင်မရလိုက်လို့ စိတ်မကောင်းဖြစ်နေတယ်

Lunch Time!!!!!
Yeol: မင်းတို့ပဲစားကြတော့
ထိုင်ခုံကနေ ဆတ်ခနဲထလာတဲ့ yeolကို member တွေက နားမလည်စွာနဲ့ ကြည့်ရင်း
Chen: မင်း ကရော
Yeol: တော်ပြီ မစားတော့ဘူး
မျက်နှာကလဲ သုန်မှုန်
သူတို့အကြောင်းသိနေတဲ့ ပြူးလေးကတော့

DO: baekyun ရောဘယ်သွားလဲ
လို့မေးတော့ yeolဘာမှမပြောဘဲ ထမင်းစားဝိုင်းကိုကျောခိုင်းပြီး ထွက်သွားတယ်

Members: ဘာဖြစ်သွားတာလဲ
DO: ကဲပါ လာ ဆက်စားကြမယ်

ကဲ စိတ်ကောက်နေတဲ့ baek နဲ့ စိတ်မကောင်းဖြစ်နေတဲ့ yeol သူတို့နှစ်ယောက်ဘာဆက်ဖြစ်မလဲ ဆိုတော့......ဟဲ ဟဲ Next episode ပေါ့နော်
Ep.2end
saranghae🙆

CHANBAEK is REALWhere stories live. Discover now