Ep.6 Final

593 69 0
                                    

"ငါမင်းကိုအရမ်းချစ်တယ် baekyun ငါ့ကိုမင်းရဲ့ချစ်သူဖြစ်ခွင့်ပေးပါလား"
"မင်း မင်း တကယ်ပြောနေတာလား"
"ဘာလဲ နောက်တယ်ထင်လို့လား ငါမနောက်ပါဘူး ငါမင်းကို အပျော်အပျက်လိုသဘောပြောနေတာမဟုတ်ဘူး ငါ့ရင်ဘတ် ဟိုးအောက်ဆုံးကလာတဲ့ ရင်တွင်းဖြစ်တွေကို စာဖွဲ့ပြနေတာ...."
"chanyeol ငါ ငါက"
"ငါမနက်ဖြန် တရုတ်သွားရမယ် ပြန်လာရင် ငါ့ကိုအဖြေပြန်ပေးနိုင်မလား အဲဒါမှငါမသိရရင် ငါဘာအလုပ်မှလုပ်နိုင်မှာမဟုတ်ဘူး baekyun ငါ့ကိုကူညီပါ"
"ငါ ငါ ငါပေးပါ့မယ်"
"တကယ်နော် yeah ငါသွားရင် ဆေးမှန်မှန်သောက်နော် အအေးမခံနဲ့ အစာပုံမှန်စား ဘာအလုပ်မှမရှိဘူးမလား နေ့လည်ကျရင်လဲ အိပ်လိုက်ဦး "
"အေးပါကွာ ငါသိပါတယ်"
တရုတ်ခရီးစဉ်တစ်လျှောက် yeol တစ်ယောက် ရီလိုက်ပြုံးလိုက် ရင်ဘတ်ကိုဖိလိုက်နဲ့ ဘေးကလူကြည့်ရင်တော့ အရူးကြီးကိုဖြစ်ရော
"ဒါရိုက်တာကြီး ကျွန်တော် ပြီးဖို့ ဘယ်နှ scene ကျန်သေးလဲ "
"၄scene လောက်ကျန်သေးတယ် ကွ"
"ဟုတ်ကဲ့ "
၆နာရီလောက်ကြာတော့
"ကဲ ကဲ ပြီးပြီ နားကြတော့ မနက်နဲနဲလင်းရင်ပြန်ကြမယ်"
သူတို့ရိုက်လို့ပြီးတော့ မနက် ၄နာရီ
yeol တစ်ယောက် မစောင့်တော့ဘဲ ချက်ချင်းပြန်သွားတယ် ကိုရီးယားကိုရောက်တော့ မနက်၁၁နာရီ
"baekyun ဘာလုပ်နေမလဲမသိ ဟိဟိ သူငါ့ကို ဘယ်လိုပြောမလဲ"
လေဆိပ်နဲ့ dorm ပြန်တဲ့တစ်လျှောက် အတွေးတွေပြည့်နေခဲ့တယ်
dorm ရောက်တော့ သူတွေ့လိုက်တာက
"omma !!!!"
"သား ပြန်ရောက်ပြီလား ပင်ပန်းလာခဲ့လား"
"omma ကဘယ်ကဘယ်လို"
"သားအတွက် ဆေးနဲ့ ဟင်းတွေလာပို့တာ"
"အတော်ပဲ omma ကို ကျွန်တော်ပြောစရာရှိတယ်"
"သားရယ် ခုမှရောက်တယ် နားဦးပေါ့"
"omma ကျွန်တော် ဒီတစ်သက်အိမ်ထောင်မပြုတော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီ"
"သား ရုတ်တရက်ကြီး သားရယ် ဘာလို့လဲ"
"ကျွန်တော် ဟိုလေ omma "
"ဘာလဲ ပတ်ဝန်းကျင်မှာ အမေ ကြားကြားနေတဲ့ ကိစ္စက တကယ်ပဲလား သားရယ်"
"ဟို ဘာကိစ္စလဲ omma"
"Chanbaek ဆိုတာလေ"
"အော် ကျွန်တော် မငြင်းတော့ပါဘူး omma ကျွန်တော် baekyun ကို"
"မဟုတ်ဘူး သား သားက သံယောဇဉ်နဲ့ အချစ်ကို မခွဲတတ်သေးလို့ပါ သားရယ်"
"မဟုတ်ဘူး omma ကျွန်တော် သူ့ကို တကယ်ချစ်တာ"
"ချစ်တာက ရတယ်သား ဒါပေမဲ့ သားတို့၂ယောက်လုံးကယောက်ျားလေးတွေလေ အမေတို့ မျိုးဆက် ကရော မျိုးဆက်လေသားရယ်"
ချလောက်.................
အခန်း တံခါးကိုပြင်းပြင်းပိတ်ပြီး အိမ်ပြင်ကို ပြေးသွားတဲ့ baekyun ကို yeol မြင်သွားတယ် baekyun ကတော့ yeolကိုလှည့်တောင်မကြည့်ဘူးလေ
"noona ရှိတာပဲ omma ရယ် ခွင့်ပြုပေးပါနော် ကျွန်တော်တို့ကို "
"ခက်လိုက်တာသားရယ် အင်းပါ သားအိမ်ထောင်မပြုချင်လဲမပြုပါနဲ့ ဒါပေမဲ့သား အချစ်ဆိုတာ တစ်ခုပဲရှိတာကောင်းတယ်နော် အမေသွားမယ်"
yeol omma -တော့ စိတ်ဆိုးသွားပုံ နဲ့ အမှန်တော့ လက်လျော့လိုက်တာပါ
"စိတ်ချပါ omma ရယ် ကျွန်တော့် ဘဝမှာသူတစ်ယောက်ထဲပါပဲ"
ပြီးတာနဲ့ yeol ကန်ဘောင်ဘက်ကိုပြေးသွားတယ် ရောက်တော့ ကန်ဘောင်နားမှာ ထိုင်နေတဲ့ baekyun ကိုတွေ့တော့ ပြေးသွားတယ်
"yahh ငါ့ကိုအဖြေပေး""
"သွား ငါ့ကိုမထိနဲ့ ငါက ယောက်ျား မင်းလဲယောက်ျား"
yeol ကတော့ ရယ်ပြီး
"ငါ သိပါတယ် မင်းရေချိုးရင် ငါ...."
"နောက်မနေနဲ့ chanyeol ..."
"မင်းဘာဖြစ်နေတာလဲ ငါ့ကိုအဖြေပေးမယ်လို့ပြောထားတယ်လေ မင်းမေ့နေပြီလား"
"chanyeol မင်းကွာ မင်းအမေလဲသဘောမတူဘူးမလား သူပြောတာလဲ ဟုတ်နေတာပဲလေ ငါတို့ကဖြစ်မှမဖြစ်နိုင်တာ "
baekyun ငိုနေတယ် သူဘာလို့ငိုတာလဲ သူ Yeolကိုချစ်လို့ပေါ့ အရမ်းချစ်တော့ ရင်နာရတယ်လေ
"baekyun မင်းငိုနေတယ် "
"ငါ .....မင်းရဲ့ မျိုးဆက်ကရော"
"park yoora ငါ့ noona ကိုဘယ်နားထားမလဲ"
"ငါ မင်းကိုချစ်တယ် ဒါပေမဲ့ ငါမင်းကို ချစ်ပြလိုက်ရင် ခုပဲကြည့် မင်းအမေတောင်မကြိုက်တာ နောက်ဆို member တွေသိသွားပြီး fan တွေပါ သိသွားရင် ...."
baekyun ရဲ့ ဒီလိုနာကျင်ရတဲ့ စကားလုံးတွေပြောထွက်တဲ့ နှုတ်ခမ်းကို yeol သူ့ နှုတ်ခမ်းတွေနဲ့ ဒဏ်ပေးလိုက်တယ်
အစတော့ baekyun ရုန်းနေတယ် နောက်တော့ သူလဲ ဒီလောက်တောင်ချိုတဲ့ အနမ်းတွေကို တုံ့ပြန်မိတာပေါ့
"ငါမင်းကိုချစ်တယ် baekyun ငါ့အတွက်က မင်းပဲ မင်းပဲလိုတာ"
"ငါလဲ မင်းကိုအရမ်းချစ်တယ် park chanyeol ငါ့ရဲ့ ချစ်သူဖြစ်နိုင်မလား"
"ဟင့် အင်း ငါမင်းရဲ့ချစ်သူ မဖြစ်ဘူး မင်းနဲ့ couple shirt,shoe,ring,bag အတူတူဝတ်တဲ့ လူဖြစ်ပေးမယ်"
"မင်းကွာ ငါလန့်သွားတာပဲ"
"ရား byun baekyun ငါ့ကိုအဲ့လောက်တောင်ချစ်လား"
"သွားပါ မင်းကမှငါ့ကိုအဲ့လိုချစ်တာပါနော်"
"ဟုတ်တယ် သေလောက်အောင်ချစ်တယ် မင်းကို"
"အင်း ငါရောပဲ"
ခုတစ်ခေါက်ပေးတဲ့ kiss ကတော့ နှစ်ယောက်လုံး ရဲ့ပြိုင်တူလှုပ်ရှားမှုတွေနဲ့ အတူ ပုံဖေါ်နေတာပေါ့
ဘေးနားက ဝှေ့ရမ်းလိုက်တဲ့လေလေးက သူတို့ဘေးမှာရှိတဲ့ ချယ်ရီပင်လေးက ပွင့်ဖတ်လေးတွေကို ရိုက်ခတ်တော့ ချယ်ရီမိုးရွာသွားတာပေါ့ ပန်းနုရောင် ချယ်ရီမိုးလေးရဲ့ အောက်မှာ မက်မောတမ်းတမှုတွေနဲ့ ချိုမြိန်တဲ့ အနမ်းတွေဝေမျှနေတဲ့ chanbaek couple ဘေးမှာက ကန် ဝါးး ပန်းချီကားလေးတစ်ချပ်ပါပဲ အရမ်းကို ကဗျာဆန်ပြီး လှတယ် ကြည့်သူတိုင်းရင်အေးစေမယ့် သူတို့နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် အချစ်တွေမျှဝေနေလေရဲ့
"စိတ်ချပါ baekyun ငါမင်းကိုအမြဲ ချစ်ပေးပြီး ကာကွယ်သွားမယ်"
"ငါလဲယောကျာ်းပါကွ"
"မင်းက ငါ့ထက်အကောင်ပိုသေးတယ်လေ "
"ဘာပြောတယ်"
ဟားဟားဟားဟားဟား
နှစ်ယောက်သား ပြိုင်တူရယ်လိုက်ကြတယ်

ဒီလိုပါပဲ chanbaek ဆိုတဲ့ အတွဲလေးက စလိုက် နောက်လိုက် ရယ်လိုက်နဲ့ ကြည့်လိုက်ရင်တော့ ပေါ့ပျက်ပျက်နိုင်ပေမယ့် ရင်ထဲမှာ တစ်ယောက်နဲ့ တစ်ယောက်နှစ်နှစ်ကာကာ ချစ်နေတာ ဘယ်သူတွေသိနိုင်မလဲ နော် ဘယ်သူတွေကကော ဘာပြောနိုင်မလဲ အကယ်ရျွ်သူတို့ကိုတားနိုင်မယ်ဆိုရင်လဲ သူတို့ရင်ထဲကအချစ်တွေကိုတော့ မတားနိုင်ပါဘူး
                  Chanbaek is real
                   The End
ပြီးပါပြီ အဆုံးထိဖတ်ပေးကြတဲ့ သူတွေကို ကျေးဇူးအထူးတင်ရှိပါသည်🙏
ကြိုးစားပါဦးမည်
Good Bye 👋👋
사랑해요💖
                  

CHANBAEK is REALWhere stories live. Discover now