'Luhannah!! သားလေး မထသေးဘူးလား?!'
နှိုးစရာမလိုသော Luhanတစ်ယောက် မနက်စာစားချိန်ရောက်တာတောင် ဆင်းမလာသေး။ အခန်းတံခါးကို ထုပီး ပြောလဲ ပြန်ထူးသံမကြား။ 'ဒီကလေး ညက စာတွေ လုပ်တာ များသွားလားမသိပါဘူး'
'မေမေဝင်လာပီနော် သား'
ကုတင်ပေါ်မှာလဲ မရှိ! ရေချိုးခန်းထဲမှာ ရေကျသံ သဲ့သဲ့လေး ကြားနေရသဖြင့် ရေချိုးခန်းဘက် သွားလိုက်သည်။
'Luhan! သား ရေချိုးနေတာလား?!'
စေ့ရုံစေ့ထားသော တံခါးကြောင့် တွန်းဖွင့်ပီး ဝင်လိုက်သည်။
'Omonah~~ Luhannah!!!! Yeoboooo!!! Yeoboလာပါဦး ဒီမှာ Luhanလဲနေလို့ Luhan ရေချိုးဇလုံထဲ လဲနေလို့!! 199! 199ကို ဖုန်းဆက်! သားလေး Luhan!! သတိထားပါဦး သားရဲ့ Luhannn!!!'
………………'Nae?!! Luhan ဆေးရုံတင်ထားရတယ် ဟုတ်လား Arjuma?!! ဘယ်ဆေးရုံလဲ Arjuma?! ကျွန်တော် အခု လာခဲ့မယ်!'
ဆေးရုံလာနေတဲ့ လမ်းတစ်လျှောက်လုံး အသက်ပင် ဝအောင် မရှုနိုင်! Luhan ဘာမှမဖြစ်ပါစေနဲ့ဆိုတာပဲ တဖွဖွ ရွတ်လာမိသည်။
'Luhannah~~''Arjuma!! Arjuma! Luhanကော Luhanဘယ်မှာလဲဟင်?!'
'သားလေး Sehun! တော်သေးတယ် သားရယ်~ နဲနဲသာ နောက်ကျသွားရင် ဒုက္ခရောက်တော့မလို့! အခု သူ အခန်းထဲမှာ အိပ်ပျော်နေတယ် သား! Arjushiရှိတယ် ဝင်သွားလိုက်လေ'
'Nae Arjuma!'
သူ ဝင်လာတော့ Arjushiက ခေါင်း တစ်ချက် ညိတ်ပြပီး အခန်းထဲက ထွက်သွားသည်။
'Luhannah~~ မြန်မြန် သတိရပါတော့ကွာ! ငါနဲ့ အတူတူကျောင်းသွားရအောင်လေကွာ!~'
'Hmm..umm..'
'Luhannah သတိရလာပီလား? Arjuma! Arjushi! Luhanနိုးလာပီဗျ!'
'ဟယ် သားလေး! သားလေး နိုးလာပီလား? သား နေရတာ အဆင်ပြေလား သား?! ခေါင်းတွေဘာတွေကော ကိုက်သေးလား?!'
'သား Appaလဲ ရှိတယ်နော် စိတ်မပူနဲ့! Yeobo! ငါ ဆရာဝန်သွားခေါ်လိုက်ဦးမယ်နော်!~'