'Hunna~~ ခုတလော ဘာဖြစ်နေတာလဲကွာ~~ ဘာ မကောင်းတဲ့ကိစ္စရှိလို့လဲ?'
'Aww? aww~~ arniyah~~ ခုတစ်လော အိပ်ရေးမဝလို့ဖြစ်မယ် 'Lu'အကြောင်းတွေးနေရလို့
'Arr.. Hunnah~~ ဒါပေမဲ့လဲ အိပ်ပျော်အောင် အိပ်လေကွာ~ ကျန်းမာရေးထိခိုက်မယ်'
သူ့ကို စိုးရိမ်သော အကြည့်ဖြင့် လှမ်းကြည့်နေသော Luhanကို Senaနှင့် Weddingကိစ္စ ဘယ်လိုမှပြောမထွက်ပေ။ ဒီကိစ္စ သူတစ်ယောက်တည်းဖြေရှင်းမည်။ Yoo Senaတစ်ခုခုမလုပ်ခင် သူ အရင် ရှင်းပစ်ရမည်။ 'တောက်!'
……………Luhan အိပ်ယာပေါ်မှာ လှဲရင်း နေ့လည်က Sehunမျက်နှာမကောင်းတဲ့ အကြောင်းရင်းကို စဉ်းစားနေမိသည်။ 'ဘာလဲ သူ့ကို ဖုံးကွယ်ထားတာ ဘာဖြစ်နိုင်မလဲ' သူ့ကို မပြောပြချင်မှန်း သိ၍ မမေးပဲ နေခဲ့သည်။ 'မနက်ဖြန်တော့ Senaကို မေးရမယ်'
…………………နောက်တစ်နေ့မနက် ကျောင်းသွားဖို့ လာခေါ်တော့ Sehunမျက်နှာလန်းနေသည်။ 'ကိစ္စများ ပြေလည်သွားလို့လား?'
Sehunမျက်နှာလေးလန်းနေတော့မှ သူလဲ သက်ပြင်းချနိုင်တော့သည်။'Omma သားသွားပီ'
လမ်းလျှောက်နေရင်းနဲ့မှ သူ့လက်ကို လာကိုင်သော Sehunကြောင့် လန့်ပီး ထအော်မိသည်။
'Omma!~ Hunnah~~ လမ်းမကြီးမှာလေကွာ~~'
'Arratseo~~ Mian~ တစ်ခါတစ်လေ ငါချစ်တဲ့သူက ဟောဒီက Kim Luhanပါဆိုပီး ကြွားချင်လို့ပါကွာ~~'
ကောင်းကင်ကို လက်နှစ်ဖက်တန်းကာ မော့ပြောနေသော Sehunကို Luhan အရမ်းအားနာသွားသည်။ ဝမ်းလဲ ဝမ်းနည်းလာသည်။ သူတို့အချစ်ကို ပတ်ဝန်းကျင်က အသိမှတ်မပြုမှာ သေချာသည်မဟုတ်ပါလား။
'Mianae~~ ငါအလိုက်မသိတာ Mian~ :('
'Arniyahh~~ ဒီတိုင်းပဲ ပြောလိုက်တာပါကွ! ကဲ လာ လာ သွားမယ်! ^_^'
ကျောင်းရောက်တော့ Senaကို မမေးဖြစ်တော့။ Sehunမျက်နှာရိပ်ကိုပဲ ကြည့်ဖြစ်နေမိသည်။ အခုတစ်လော Senaနဲ့လဲ သိပ် စကားမပြောဖြစ်ပေ။ Sehunနဲ့ အပြန်အလှန် ရင်ဖွင့်ပီးအချိန်ကတည်းက Sehunနဲ့ သူနဲ့ပဲ ပြောဖြစ်တာများသည်။ Sehunက သူ့အတွက်တော့ နံပါတ်တစ်မဟုတ်ပါလား။
