Chapter - 6

303 29 0
                                        

'Sehun!! Ooh Sehun! ထတော့လေ'

'Awnn ထပီ ထပီ'

'ရေချိုး အဝတ်စားလဲတော့ မနက်စာပြင်ထားပီးပီ'

မနေ့က Luhanနဲ့ ရန်ဖြစ်ပီး ဟန်မြစ်ဘေးနား သွားထိုင်နေခဲ့သည်။ အိမ်ကို ညဉ့်နက်မှ ရောက်ပေမဲ့  ဆေးရုံက ပြန်လာတယ်ထင်ပီး Luhanအခြေအနေပဲ မေးသည်။ သူလဲ ဘာမှစဉ်းစားချင်စိတ် မရှိတော့၍ အပေါ်တက်အိပ်ခဲ့သည်။
အခုလဲ 'ဒီနေ့သွားရင်ကောင်းမလား? မသွားတော့ပါဘူးကွာ'ဆိုပီး စိတ်ထဲ လွန်ဆွဲနေမိသည်။ တကယ်ဆို သူ လွန်တာမဟုတ်! ဟိုကောင် Kim Luhan အရင် သူ့ဒေါသကို လာဆွခြင်း မဟုတ်လား?! 'တော်ပီကွာ မသွားတော့ဘူး!'

'ဒုန်း'

ဘီရိုတံခါးကို ခပ်ပြင်းပြင်းပိတ်ပီး သူ အောက်ဆင်းလာလိုက်သည်။

'Omma သား သွားတော့မယ်'

'ဟဲ့ မနက်စာကော? ဆေးရုံသွားမှာဆို တစ်ခုခုလေး ဝယ်သွားဦးနော်!'

'Awwnn~~ သွားပီ'

ဆေးရုံမသွားဘူးပြောလျှင် မေးလာမဲ့ မေးခွန်းပေါင်း သောင်းခြောက်ထောင်အား မရင်ဆိုင်ချင်၍ 'အင်း' လုပ်ခဲ့သည်။ ရန်ဖြစ်ကြသည်ဟု ပြောလျှင် ယုံမှာ မဟုတ်! ဟုတ်လဲ ဟုတ်သည်။ သူနှင့် Kim Luhanဆိုတာ ရန်ဖြစ်ဖို့ မပြောနဲ့ သဘောထား ကွဲလွဲတာတောင် မရှိခဲ့။ မနေ့က ကိစ္စကို သူ လုံးဝ အခဲမကြေနိုင်ပေ။ 'နေကောင်းရင် တွေ့မယ် Kim Luhan!'
………………

'Arjuma! သမီး လာတယ် *^_^*'

'Awwn Senayahh လာပီလား? Sehunကော ပါဘူးလား?'

'Nae..? Ahh ဒီနေ့ ဆရာမက အတန်းလာဖြစ်အောင်လာလို့သူ့ကို မှာလို့ သူ ကျောင်းသွားတယ် Arjumaရဲ့ ညနေတော့…လာမှာပေါ့လေ *^_^*'

'Arratseo! အာ့ဆို Luhanနဲ့ စကားပြောကြလေ Arjuma ရေသွားဖြည့်လိုက်ဦးမယ်နော်'

'Nae!~ Luhannah~~ သက်သာလား?'

'Awwnn Gwenchanar…'

'မနေ့ညက နင်တို့ ဘာဖြစ်ကြတာလဲဟင်?! နင်တို့ အဲ့လိုဖြစ်တာ တစ်ခါမှ မမြင်ဖူးဝူးလေဟာ~~'

If Our Love Is True,...Où les histoires vivent. Découvrez maintenant