Promise

177 15 12
                                    


တစ်​ခါတ​လေ မျက်​စိမှတ်​ပြီး..ငါ မင်း အ​ကြောင်း​တွေ ​တွေးလို့....
စင်​​ပေါ်က ငါပုံစံကို မြင်​​ယောင်​ကြည့်​​နေမိ​ပေါ့...
အချိုးမကျ တဲ့ ငါ့ပုံစံကို မင်းမြတ်​နိုး​ပေး​ပေမယ့်​ကွာ.........အဖိုးတန်​ ဒီအချစ်​​တွေ လက်​ခံလို့​ကော ရရဲ့လား....
ဘယ်​အချိန်​မဆို ဒီ​နေရာ​လေးမှာ ​စောင့်​​မျှော်​​နေတဲ့ မင်း...
လက်​နှစ်​ဖက်​နဲ့ ဖက်​ထား​ပေးတဲ့ မင်းကို ​ကျေးဇူးပါ....

ဘယ်​​တော့မှ ​မေ့​ပျောက်​မှာကို မဟုတ်​ပါ..
ပျော်​ရွှင်​​အောင်​ အမြဲ လုပ်​​ပေးမှာ..
*we are one* ဆိုတဲ့ စကားလို​ပေါ့...

အချိန်​​တွေ ကုန်​သွား​တောင်​ ဘာစကားမှ ​ပြောမထွက်​လို့ စိတ်​ထဲမှာပဲ မျို သိပ်​ထားခဲ့တာ....
တောင်းပန်​ပါတယ်​လို့ ငါချစ်​​နေဆဲပါလို့ အခုလိုမျိုး ယုံကြည်​​ပေးပါ​တော့...
မင်းကို ဖက်​ထားပါမယ်​ လက်​​တွေကို ဆုပ်​ကိုင်​ထားမယ်​...
မင်း စိတ်​​တွေ ဖြန့်​ကျက်​လို့ ​ပေးနိုင်​မယ်​ဆို...
ငါ အားလုံး ကို​ပေးပါ့မယ်​...

မင်းပြုံး​နေတဲ့ ဒီ အပြုံး​လေးကို ​စောင့်​​ရှောက်​လို့ ​ပေးချင်​​ပေါ့.....
အမြဲတမ်း ​နော်​....

မင်းပြုး​နေ​ပေမယ့်​ ငို​နေသလို ဖြစ်​​နေတဲ့ အချိန်​က စပြီး​တော့....တည်​ငြိမ်​တဲ့ နှလုံးသားနဲ့ ငါ မချစ်​ တတ်​​သေးလို့...
အတိတ်​​တွေကို ထပ်​ပြီး​တော့ သတိရ​နေဆဲ...
နည်းနည်း​လောက်​ မင်းက စိတ်​ထိခိုက်​​တော့....
အဆင်​​ပြေသွားမှာပါ ​မေ့​ပျောက်​သွားမှာပါ ဆိုတာ ​ပြောဖို့...
နှစ်​သိမ့်​မှု​တွေ မင်း​လေးကို ငါမ​ပေးနိုင်​တာ သိ​နေလို့ ငါတ​ယောက်​တည်း စိတ်​ရှုပ်​​နေခဲ့....
ထွက်​မသွားနဲ့ ဆိုပြီး​တော့ ဖမ်းဆုပ်​ထားချင်​ခဲ့....
ငါ ​ဖောက်​ဖျက်​ခဲ့တဲ့ ကတိ​တွေကိုပြန်​​ပေးဖို့ဆိုတာ မဖြစ်​နိုင်​မှန်း သိလည်း..ဒါ​ပေမဲ့ ငါ သက်​ဆုံးထိ မင်း​ဘေးမှာပဲ ငါ အသက်​ဆက်​ ချင်​​ပေါ့ အစကလို ​ပျော်​ရွှင်​​နေဖို့ ဆု​တောင်းရင်း​ပေါ့...
ကျေးဇူးပဲ ​တောင်းပန်​တယ်​ ချစ်​ပါတယ်​ ငါရဲ့ အရာအားလုံး ​ပေး​တောင်​မှ
ငါ အချစ်​​တွေက အမြဲ ​စောင့်​​ရှောက်​​ပေးမယ်​ ငါနဲ့ လိုက်​ခဲ့​ပေးပါ ကွယ်​....

ဘယ်​အချန်​မဆို ဒီ​နေရာ​လေးမှာ ​စောင့်​​မျှော်​နေတတ်​တဲ့ မင်း..
လက်​နှစ်​ဖက်​နဲ့ ဖက်​ထား​ပေးတဲ့ မင်းကို ​ကျေးဇူး​ပေါ့...
ဘယ်​​တော့မှ ​မေ့​ပျောက်​မှာကို မဟုတ်​ပါ..
ပျော်​ရွှင်​​အောင်​ အမြဲ လုပ်​​ပေးမှာ..
*we are one* ဆိုတဲ့ စကားလို​ပေါ့...

ခက်​ခဲပီး ပင်​ပန်းလည်း နှလုံးသားက နာကျင်​လည်း ငါ​လေထပ်​ပြီး စင်​မြင့်​​ပေါ်သို့....
နောက်​တစ်​​ခေါက်​ ထပ်​ပြီး​တော့ ငါ အားအင်​​တွေ ​မွေးမယ်​..​စောင့်​​မျှော်​​နေတဲ့ မင်း​လေး အတွက်​​ပေါ့....
မင်းကို ဖက်​ထားပါမယ်​ လက်​​တွေကို ဆုပ်​ကိုင်​ထားမယ်​...
မင်း စိတ်​​တွေ ဖြန့်​ကျက်​လို့ ​ပေးနိုင်​မယ်​ဆို...
ငါ အားလုံးကို ​ပေးပါ့မယ်​...

အရမ်း ​ပျော်​ခဲ့တာ​ပေါ့ ငါတို့...မင်းနဲ့အတူရှိ​သော ဒီစင်​​ပေါ်က ငါရဲ့ ​မွေး​နေ​လေး...မင်းရဲ့ စကား လုံးတိုင်းက ငါ့အတွက်​ အားအင်​ ဖြစ်​သွားတာပဲ....
ကတိ​ပေးတယ်​ မင်း​လေး စိတ်​မပျက်​​စေရပါ...ကတိ​ပေး​တော့ ငါ့ကို စိတ်​မပျက်​​စေရဘူးလို့...
ဒဏ်​ရာ​တွေ ပြည့်​နှက်​​နေ​သော မင်းရဲ့ စိတ်​​တွေ ငါလာပြီး ​ပွေ့ဖက်​မှာပါ...

အချိန်​​တွေ ကုန်​သွား​တောင်​ ဘာစကားမှ ​ပြောမထွက်​လို့ စိတ်​ထဲမှာပဲ မျိုသိပ်​ထားခဲ့တာ...
တောင်းပန်​ပါတယ်​လို့ ငါချစ်​​နေဆဲပါလို့ အခုလိုမျိုး ယုံကြည်​​ပေးပါ​တော့..
မင်းကို ဖက်​ထားပါမယ်​ လက်​​တွေကို ဆုပ်​ကိုင်​ထားမယ်​...
သက်​ဆုံးထိ အတူရှိခွင့်​ ရမယ်​ ဆိုရင်​​ပေါ့.....
ငါ အားလုံးကို ​ပေးပါမယ်....

____________________________

ËXÔ SongsWhere stories live. Discover now