♥ 4 Years with Baekhyun ♥

4.5K 374 5
                                    

30 . 1 . 2012

အဲ့နေ့လေးက တန်ဖိုး ရှိတဲ့ အမှတ်တရ နေ့ လေးတစ်နေ့ အဖြစ် ဖြစ်တည်ခဲ့တယ်

Exo ဆိုတဲ့ နောင်တစ်ချိန် လျှမ်းလျှမ်းတောက် ကျော်ကြားမယ့် အဖွဲ့လေးရဲ့ Main Vocalist တစ်ဦးဖြစ်လာမယ့် Byun Baekhyun ဆိုတဲ့ ကောင်လေးကို မိတ်ဆက်ပေးခဲ့ကြတယ်

Byun Baekhyun ဆိုတာ

Eyeliner တွေ ဆိုးထားရင် အပြစ်မရှိအောင် ချောသလောက်
Liner မပါတဲ့ puppy eyes လေးတွေနဲ့ ဖြူစင်လွန်းတဲ့သူ

မျက်နှာလေးက ဖြူစင်သလောက် စိတ်ထားလေးကပါ ဖြူစင်လွန်းတဲ့ ကလေးလေး

အစအနောက်သန်ပြီး ပျော်ပျော်နေတတ်လွန်းတဲ့ သူ့အကျင့် တွေကြောင့် လူချစ်လူခင် ပေါများလွန်းတဲ့ ကလေးလေး

စိတ်ဓာတ်တွေကျပြီး ပင်ပန်းနေတဲ့ အချိန်တွေ မှာတောင် fan တွေရှေ့ မျက်နှာတစ်ချက်မပျက်ဘဲ ပြုံးပြခဲ့တဲ့ ကလေးလေး

ရမရာ မရှိအောင် အပြောခံရပြီးတာတောင်မှ aeri ဆိုတာကို ပါးစပ်ဖျားက မချတဲ့ ကလေးလေး

ဆုယူတဲ့ စင်တိုင်း exolusion တိုင်း တက်တဲ့ ပွဲတိုင်း ရောက်တဲ့ နေရာတိုင်း L sign လေးထောင်ပြီး ပြုံးရယ်နေတတ်တဲ့ ကလေးလေး

ExoL တွေကို ကျေးဇူးတင်ပါတယ် ဆိုတာကို ပါးစပ်ဖျားက မချတဲ့ ကလေးလေး

ဆုတွေရလို့လည်း aeri တွေကို ဘာမှ လုပ်ပေးခဲ့ရတာ မရှိခဲ့ဘူးလို့လည်း တောင်းပန်တတ်တဲ့ ကလေးလေး

Fans,you are my everything ဆိုပြီး ExoL တွေကို သူ့ဘဝနဲ့ နှိုင်းပြီးချစ်ပါတယ်လို့ ပြောခဲ့တဲ့ ကလေးလေး

အဲ့လို အပြစ်မရှိအောင် ပြည့်စုံလွန်းတဲ့ ကလေးလေးကို မွေးဖွား ပေးခဲ့တဲ့ Byun papa နဲ့ Byun mama ကို ကျေးဇူးတင်ပါတယ် လို့ အရင်ပြောပါရစေ <3

Exo ဆိုတဲ့ အဖွဲ့လေးထဲမှာ အေးအတူပူအမျှ သူငယ်ချင်းတွေနဲ့ တူတူ fan တွေ ရဲ့ ရှေ့ ကို ခေါ်ဆောင် လာပေးတဲ့ သူ့ရဲ့ ကံကြမ္မာ ကို လည်း အရမ်းကျေးဇူးတင် ပြီး

သူ့ရဲ့ ဖြစ်တည် မှုကို သိခွင့် ပေးခဲ့တဲ့ ကျမတို့ ExoL ရဲ့ ကံကြမ္မာကိုလည်း အရမ်းကျေးဇူးတင်မိပါတယ်

စိတ်ညစ်နေတဲ့ အချိန်တိုင်း သူ့မျက်နှာလေး ကြည့်ပြီး ပြုံးရတယ်
စိတ်ဓာတ်တွေ ထိုးဆင်း ချိန်တိုင်း သူ့ကို ကြည့်ပြီး အားတင်းရတယ်
ငိုချင်နေတဲ့ အချိန်တွေဆို သူ့အပြုံးလေးတွေ ကြောင့် မျက်ရည်တွေကြားက တူတူ လိုက်ပြုံးမိတယ်
သူရယ်ရင် လိုက်ရယ်တယ်
သူငိုရင် လိုက်ငိုတယ်
သူ ပင်ပန်းရတဲ့ အချိန်တွေ မှာ ရင်ထဲ အောင့် နေအောင် ငိုခဲ့ဖူးတယ်
အပြစ်တစ်စုံတစ်ရာ မှ မရှိပါဘဲ ပိုးစိုးပက်စက် အပြောခံရတဲ့ စာသားတွေကို တွေ့တိုင်း ထိန်းမနိုင်သိမ်းမရ အသက်ရှူ ကြပ်လောက်တဲ့ အထိ ငိုခဲ့ဖူးတယ်

ကိုယ့်ဘဝရဲ့ အရေးကြီးဆုံး အစိတ်အပိုင်း တစ်ခု ဖြစ်လာခဲ့ပေမယ့် သူ့အတွက် ရမ္မက် မပါတဲ့ အရှင်းသန့်ဆုံး ဆုတစ်ခု ပဲတောင်းချင်မိတယ်

"Exo ရဲ့ Baekhyun အဖြစ် တည်ရှိနေခဲ့ပေးတာ ၄ နှစ်တောင် ရှိသွားခဲ့ပြီ
၎ နှစ်တာ အတွင်း ပင်ပန်းစရာ စိတ်ညစ်စရာ စိတ်ဓာတ်ကျစရာတွေ အခက်အခဲတွေ အများကြီးကို ရင်ဆိုင် ကျော်လွှားနိုင်ခဲ့ပြီး သူ ချစ်တဲ့ မိသားစု,သူငယ်ချင်း,fan တွေနဲ့ အချစ်တွေနဲ့ သူရမ်းချစ်ရတဲ့ သူ့ရဲ့ ခိုလှုံရာ Park Chanyeol ရင်ခွင်မှာ မှီခိုရင်း နောက်နှစ်ပေါင်း များစွာ တိုင်အောင် ဖြူစင်လွန်းလှတဲ့ အပြုံးတွေကို အမြဲ ပြုံးနေနိုင်ပါစေ Baekhyun ya"

#4YearswithBaekhyun
#4Yearswithpuppy
#4YearswithOurMainVocalist

.*""*.*""*.
>>>----LOVE*-▶
"*. .*"
"*"
FOR BAEK
FROM EXOLs

Exo ရဲ့ Byun Baekhyun အဖြစ် ဖြစ်တည်နေခဲ့တာ ၄ နှစ်ပြည့် သွားခဲ့ပါပြီ

30.1.2016

모든 주셔서 감사합니다!!
사랑해

♥♥♥♥♥♥♥♥

တချို့ တွေ သိကြမှာပါ
ဒါလေးက Baek အကြောင်းအကုန်ရေးမှာ
သူ့ ငယ်ငယ်တုန်းက အကြောင်း
သူ့ pre debut ဘဝ
သူ့ IG update တွေ
သူနဲ့ ဆိုင်တာ တွေ အကုန် အကုန်ပေါ့
ဖတ်ရင်း Exo ရဲ့ main vocalist mood maker puppy Baek လေးကို ပိုချစ်လာနိုင်ပါစေဗျာ

#Kylin

Baekhyunee (모든 변 백 현 에 대한 )Tempat cerita menjadi hidup. Temukan sekarang