B's Interviews

644 114 7
                                    

((အခုတင်မယ့် interview ခုက
အရင်တုန်းက EXO interview ဆိုတဲ့စာအုပ်လေးမှာရေးထားတာလေးပါ
အဲ့ဒါကို အခုဖျက်ပစ်ချင်လို့
ဒီမှာလာထည့်လိုက်ပါကြောင်း
တခြား mem တွေရဲ့ဟာတွေကိုလည်း EXO facts မှာသွားထည့်လိုက်ပါကြောင်း))

Baekhyun's "Dream" producer talk about Baekhyun
160107

Q. Idol တွေ အများကြီးထဲမှာမှ ဘာလို့ Baekhyun နဲ့ Suzy ကို ရွေးချယ်ခဲ့ရတာပါလဲ

A. Baekhyun နဲ့ Suzy က အလားအလာ ကောင်းတဲ့သူတွေပါ! ဒါပေမယ့် သူတို့ က idol group မှာ ဖျော်ဖြေနေရတဲ့ အတွက် သီချင်းဆိုရင် ကန့်သတ်ထားတဲ့ လိုင်း လေးတွေပဲ ဆိုရပါတယ်
အဲ့ဒါကြောင့် သူတို့ ရဲ့ အရည်အချင်းကို ပြဖို့ ခဲယဉ်းပါတယ်
ကျနော်က အဖွဲ့ နဲ့ ဖျော်ဖြေရလို့ မြုပ်နေတဲ့ သူတို့ ရဲ့ musical talent ကို ပြနိုင်အောင်လို့ ကူညီပေးချင်တာပါ

Q. Baekhyun နဲ့ record လုပ်ပြီးတဲ့ အတွက် သူရဲ့ ကောင်းကွက် လေး က ဘာလို့ ထင်လဲ သိပါရစေ

A. ကျနော် တွဲအလုပ်လုပ်ဖူးတဲ့ idol ထဲမှာမှ Baekhyun က သူ့ရဲ့ emotion ကိုပြတာ အရမ်းတော်ပါတယ်
ကျနော်လိုချင်တဲ့ သီချင်းရဲ့ quality ကိုရဖို့ဆိုရင် အနည်းဆုံး  ၁ ရက်လောက်တော့ အချိန်ယူရပါမယ်
Baekhyun နဲ့တော့ ကျနော်တို့ ၂ နာရီ အတွင်း ပြီးသွားပါတယ်
Baekhyun က ကျနော့်ကို မေးပါတယ်
" ကျနော်တို့ နောက်တစ်ခါ record ထပ်လုပ်သင့်လား "
ကျနော်က " မဟုတ်ဘူး...မလိုတော့ပါဘူး " လို့ ပြန်ဖြေလိုက်ပါတယ်
Baekhyun ရဲ့ ခံစားချက်ကို ဖော်ပြတာ ကောင်းလွန်းတဲ့ အတွက် ကျနော် နောက်တစ်ခါ ထပ်လုပ်ဖို့ တောင်းဆိုစရာတောင် မလိုပါဘူး....

Q. " Dream" ကိုနားထောင်တဲ့ သူတွေ အတွက် ပြောစရာများရှိလား

A. Idol group တစ်ခုမှာရှိတဲ့ member တစ်ယောက်စီရဲ့ မြုပ်နေတဲ့ အရည်အချင်းကို သတိထားမိဖို့ဆိုတာ ခဲယဉ်းပါတယ်
ကျနော် ထင်တယ် ကျနော် Baekhyun နဲ့ Suzy တို့ရဲ့ hidden music talent ,tone, vocal colour တွေကို တွေ့သွားပီ!
ကျနော် မျှော်လင့်ပါတယ် dream ကိုနားထောင်သူတိုင်း vocalist ၂ ဦးရဲ့  အရည်အချင်းတွေကို ပိုသတိထားနိုင်ကြပါစေ!

Eng Trans by @wendysunbae
Myan Trans by @KylinAeri614

*please take out with full credit*

Baekhyunee (모든 변 백 현 에 대한 )Where stories live. Discover now