Baekhyun,he is a moodmaker !

1.5K 280 10
                                    

Rap Magazine က interview လေးပါ...

MC က မေးပါတယ်...

"Member တွေထဲမှာ အစအနောက်အသန်ဆုံး member က ဘယ်သူလဲ" တဲ့

Baek က သူ့ကိုယ်သူ ပြန်ရွေးခဲ့ပြီး တခြား member တေအကုန်လုံးကလည်း Baek ကိုရွေးခဲ့ပါတယ်...

တစ်ယောက်ချင်းစီက အကြောင်းပြချက်လေးတွေ ပြောခဲ့တာပေါ့....

D.O. :
" Baekhyun က သူ့ဘေးမှာ ရှိတဲ့ လူတွေ အကုန်လုံးကို ရယ်အောင် လုပ်နိုင်စွမ်းရှိပါတယ်...အဲ့ဒါက သူ့ရဲ့ အားသာချက်ပေါ့....
Member တွေရဲ့ ပုခုံးကို လိုက်လိုက်ထိုးပြီး စလေ့ရှိတယ်.."

Chanyeol :
"Baekhyun မှာ တနေ့ပီးတနေ့ မရိုးရအောင် ဟာသတွေ လုပ်နိုင်တဲ့ အရည်အချင်းရှိတယ်...
သူ့ကြောင့်ပဲ ဘယ်တော့မှ ငြိမ်သွားတယ်ကိုမရှိဘဲ
ကျနော်တို့က အမြဲ တက်ကြွနေကြတာ...."

Xiumin :
"Baekhyun က ကျနော်တို့ရဲ့ mood maker တစ်ယောက်ပါ...
သူ့ရဲ့ ဟာသပြောနိုင်စွမိးက ပါရမီတစ်ခုပေါ့...
သူက အသံတွေကိုအတုခိုးတာ လည်း တော်ပြီး ကျနော်တို့ ပတ်ဝန်းကျင်က လူတွေရဲ့ အသံတွေကိုလည်း လွယ်လွယ်နဲ့ အတုခိုးနိုင်တယ်"

Sehun :
"Member တွေ အကုန်လုံးက စနောက်ရတာကို ကြိုက်ပေမယ့် Baekhyun hyung ကတော့ အဆိုးဆုံးပဲ...
သူကြောင့် ကျနော်တို့ရဲ့ ရယ်စရာ အဖြစ်အပျက်လေးတွေ အများကြီးပါ....သူက စနေရရင် လည်း လုံးဝ မမောတော့ဘူး...ဆက်တိုက်ကို နောက်ပြောင်နေတာပဲ"

Chen:
" အရယ်ရဆုံး member ကိုပြပါဆိုရင်တော့ Baekhyun ပါ
ဒါမယ့် Suho hyung လည်း ရယ်ရတယ်...
သူက သူ့ဘာသာ တစ်ယောက်တည်း ရယ်စရာတွေ လုပ်နေတတ်တာ အရမ်းချစ်ဖို့ကောင်းတယ်.."

Kai :
" Baekhyun hyung က အမြဲ နောက်ပြောင်နေတာပဲ...
ပြီးတော့သူက အမြဲ ဆူညံနေတာ xD "

Baekhyun :
" အဲ့ဒါကတော့ ကျနော်ပဲ ဖြစ်ပါလိမ့်မယ်...*laugh*
Member တွေ အကုန်လုံးက စနောက်ရတာ ကြိုက်တယ်လေ....အာ့ကြောင့်မလို့ပဲ ကျနော်တို့က အမြဲရယ်နေတာ....waiting room ဆိုတာလည်း အမြဲ ဆူညံနေတာပဲ...
ဥပမာ..Chanyeol က အသံတု လုပ်တာတော်တယ်လေ
သူ့ အသံ ကျယ်ကျယ် ကြီးနဲ့ လုပ်တော့ waiting room က ဆူညံနေတော့တာပေါ့ *laugh*"

°••°••°••°••°••°••°

This is our mood maker Baekhyun...
အဖွဲ့ ရဲ့ mood maker ၂ ယောက်
အသံတု လုပ်တဲ့နေရာမှာ တော်တဲ့ ၂ ယောက်..
လိုက်ပါပေတယ် XD

Feb 22  19:55

Baekhyunee (모든 변 백 현 에 대한 )Donde viven las historias. Descúbrelo ahora