18th years Later
•
•
•
•
Seoulမြို့ကြီးရဲ့ အထင်ကရလေယာဉ်ကွင်းထဲ ကျွန်တော်ရောက်နေပြီ တော်တော်တိုးတက်ပြောင်းလဲသွားပြီ ကျွန်တော်လမ်းတွေမမှတ်မိနိုင်လောက်အောင်ပါပဲ ကျွန်တော်ရပ်နေလိုက်တယ် ဘယ်သူ့ကိုမေးရင်ကောင်းမလဲဆိုတဲ့အတွေးနဲ့ အဲ့ဒီအချိန်အတွင်းမှာပဲ ကျွန်တော့်နောက်ကနေ အသံလေးတစ်သံထွက်လာပါတော့တယ်Arjushi
ကျွန်တော်ကိုခေါ်လိုက်တာလား ကျွန်တော်တစ်ကယ်ပဲ Arjushiအရွယ်ရောက်နေပြီလား ကျွန်တော်နောက်လှည့်ကြည့်လိုက်တော့ ဖြူဖြူဖွေးဖွေး နတ်သမီးသဏ္ဌာန်လှပတဲ့ကောင်မလေး ကျွန်တော့ကိုရယ်ပြနေတယ် ကျွန်တော်မြင်ဖူးသလိုပဲ ဘယ်မှာမြင်ဖူးတာပါလိမ့် ကလေးမလေးက ကျွန်တော့်နားကပ်လာပြီး ကျွန်တော့်လက်မောင်းကို တွယ်လိုက်တယ် တစ်ကယ်ဗျာ ခုခေတ်ကလေးမတွေ သိရဲတင်းကြတယ်
ဟေ့ ဟေ့ ကလေးမ ဘာလုပ်တာလဲ Aejushiကို သိလို့လား
ကျွန်တော်မေးလိုက်တော့ နဂိုကမှထော်နေတဲ့နှုတ်ခမ်းလေးက ပိုထော်သွားတယ် ပြီးတော့ ချစ်စရာမျက်စောင်းလေးနဲ့ ကျွန်တော့်ကိုကြည့်တယ်
Arjishiကြီး ကောင်းဘူး ဖေဖေနဲ့မေမေထက်အရင် Arjushiကိုလာကြိုတာ Myeonnieကို မှတ်လည်းမှတ်မိဘူး Myeonnieကတော့ ပျော်လိုက်ရတာ ဟွန်း လူဆိုးကျိ
ပြောပုံဆိုပုံကိုက ကြည့်ပါဦး အဖေတူတာလား အမေတူတာလား ဆပ်စလူးကိုခါနေတာပဲ ဘာပဲပြောပြော အရင်က တွေ့ခဲ့တဲ့ ဖြူဖြူ နုနုရွရွလေးက အသက်၁၈ရောက်နေပြီပေါ့ ကျွန်တော်က၃၈ဆိုတော့ Arjushiပေါ့ ကောင်းပဗျာ ကလေးမလေး ချော့ဦးမှ
Myeonnieလေးလား စိတ်မဆိုးနဲ့ နော် Arjushiကလေ Canadaမှာနေတာ ကြာသွားတော့ Myeonnieလေးကို တန်းမမှတ်မိနိုင်ဘူး သိလား Myeonnieလေး ဖေဖေနဲ့မေမေရော
YOU ARE READING
My Story
RandomဒီFicကို စိတ်ထဲရှိတဲ့အတိုင်း ရေးလိုက်ပါတယ် HUNHAN KRISHO SARANGHAE