Kris ဆိုတဲ့ ကျွန်တော် တစ်ကောင်ကြွက်ဖြစ်သွားခဲ့ပြီ ကျွန်တော် စုဆောင်းထားတဲ့ ပိုက်ဆံလေးနဲ့ ဘာများလုပ်နိုင်မလဲ စက မေမေ့ဆေးဖိုးအတွက် စုခဲ့ပေမယ့် မေမေမရှိတော့ဘူးဆိုတော့ ကျွန်တော်အလုပ်ကြိုးစားရမယ် Luနဲ့hunကို တိုင်ပင်ကြည့်ရင် ကောင်းမလား မဖြစ်ပါဘူး သူတို့ မင်္ဂလာဆောင်တောင် ကျွန်တော့်ကြောင့် အေးအေးဆေးဆေးမရှိခဲ့ဘူး ကျွန်တော့် ဘာသာကျွန်တော် စဉ်းစားတာပဲကောင်းပါတယ်
ကျွန်တော် ကျောင်းလည်းဆက်တက်ရဦးမှာပဲ ပျင်းလိုက်တာ သတင်စာဖတ်ကြည့်ဦးမှ ကျွန်တော့်ကိုယ်ပိုင် သတင်းစာတော့မဟုတ်ဘူး သတင်းစာဝယ်ဖို့ ပိုက်ဆံမထုတ်နိုင်သေးပါဘူး လမ်းမှာကျနေတဲ့သတင်းစာကိုကောက်လာတာပါ ဒီလထွက်သတင်းစာပါ သတင်းစာဖတ်တဲ့သူ သိပ်မရှိတော့ဘူးလေ Internetတွေသုံးနေကြပြီ ကျွန်တော်ပဲမသုံးနိုင်သေးတာ Luကတော့ ပြောပါတယ် ကျွန်တော်ကိုယ်တိုင်က အဲ့ဒီ Internetကို သုံးကြည့်ဖို့အချိန်မရသေးတာ သတင်းစာမဖတ်ကြတော့ဘူးဆိုတော့ Internetမှာ သတင်းတွေ အစုံပါလို့နေမှာ ဖတ်ကြည့်လိုက်ဦးမယ်inn
Kpopသတင်းတဲ့
EXO member Park Chanyeol နဲ့ Byun Baekhyun တို့ရဲ့ဆက်ဆံရေးကို ပရိသတ်တွေမှ အထင်လွဲ ......
ဟဲဟဲ ဖြစ်ရလေ ဒီနှစ်ကောင် အနေအထိုင် မဆင်ခြင်ကြဘူးနဲ့တူတယ်
ဆက်ဖတ်ဦးမှ
ဟိုက် ထူးပြီ အရမ်းကိုထူးတာ တက္ကသိုလ်ဆက်တက်ဖို့အတွက် အထူး အစီအစဉ်တဲ့ နိုင်ငံခြားကိုကိုယ်ပိုင်ငွေမကုန်ဘဲ သွားတက်နိုင်မယ့် အခွင့်အရေးတဲ့ \\\မေမေရေ သားဖြေနိုင်ခဲ့ရင် ကံကောင်းပြီ မေမေ ကူညီပေးပါလား \\
.......................
သတင်းစာတော့ ဖတ်ပြီးသွားပြီ အချိန်နှေးလို့မရဘူး ခုပဲ
Eldorado Foundation ကို ဖောင်သွားဖြည့်ရမယ်----------
ကျွန်တော်အိမ်ကနေ ထွက်လာခဲ့တယ်
ဝါးးးး
ဟီးနေတာပဲ အဲ့ဒါကြောင့်မို့လည်း ခုလို Foundationကြီး ဖွင့်နိုင်တာပေါ့ အဲ့ မေ့ပြန်ပြီ နောက်ကြောင်းပြန်လှည့်ရဦးမယ် ဓာတ်ပုံရိုက်ဖို့မေ့နေတယ် အပျော်လွန်သွားတာနဲ့ပဲ ကျွန်တော့်ကိုယ်ကျွန်တော်တောင် သတိထားမိတယ် ကျွန်တော် တော်တော် သွက်လက်ပေါ့ပါးနေတယ် ဒီလောက်ဝေးတဲ့နေရာ ခြေလျင်လာလိုက်တာ ညောင်းလို့ညောင်းမှန်းတောင်မသိလိုက်ဘူး တော်သေးတာပေါ့ ပိုက်ဆံပါလာသေးလို့ ဓာတ်ပုံငါးပုံစာတော့ပါသေးတယ်
###
ကျွန်တော် ခမ်းနားကြီးကျယ်လှတဲ့ Eldorado Foundation ကြီးထဲ ၀င်သွားလိုက်တယ်
ဝန်ထမ်းတစ်ယောက်ကို မေးလိုက်တယ်
YOU ARE READING
My Story
RandomဒီFicကို စိတ်ထဲရှိတဲ့အတိုင်း ရေးလိုက်ပါတယ် HUNHAN KRISHO SARANGHAE