"ဟေ့ကောင် ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်နဲ့ မျက်စိနောက်လာပြီကွာ ထိုင်မှာဖြင့်ထိုင်"
အာဗြဲChen ရဲ့ စိတ်မရှည်စွာ ငြီးတွားသံလေး
ကြားလိုက်မှပဲ သူလည်း Sofaပေါ်ထိုင်ချလိုက်တယ်
သူထပ်ပြီး ခရားရေလွှတ် သလို ထွက်ကြလာမယ့်စကားတွေ
နားမထောင်နိုင်သေးဘူး......
စိတ်တွေညစ်ရတဲ့ အထဲ .........
အလိုလိုမှ လူက ရေမရှိတဲ့ချောင်းထဲ ခေါင်းဖော်သေချင်နေတာရယ်...."Grrrr!! ဘယ်လိုလုပ်ကြမလဲ Chen'a ငါ့ကိုကယ်ပါဦး ကူညီမယ့်နည်းလမ်းမရှိဘူးလား??"
"...................."
ကြည့် ကြည့် အဲ့ဒါတွေပဲ ကူညီဖို့ပြောလိုက်တော့ကြ
ပါးစပ်ထဲ ပေါက်စီမြုံထားသလို နှုတ်ပိတ်နေတာ...
အကျိုးကိုမပေးဘူး ><"ငါထွက်ပြေးလိုက်ရင်ကောင်းမလား? Chen'a ငြိမ်မနေနဲ့ကွ... တေနာလေး ဒီမှာ မင်းသယ်ချင်း Wu Yifan ရေတိမ်နစ်ခါနီးနေဘီဟ :( "
"ဒီလိုလုပ်..."
"အေး ဘယ်လိုလဲ ပြောကြည့် "
စောစောက မိုးရွာချသလို မိုးကြိုးနဲ့ပစ်ခံရသလို မဲမှောင် ညို့စိုင်း အုပ်မှိုင်းနေတဲ့ မျက်နှာကြီးက
အခု မှ လပြည့်ဝန်းကြီးသဖွယ် လင်းလက်လာပြီး...
အားကိုးတကြီးနဲ့ ကြည့်ကာ
Chenဆီက ကြားရမယ့် အဖြေကိုစောင့်နေတယ်......"Wu Yifan တို့များ ယောက်ျားယူဖို့ အရေုးဖြစ်ပျက်နေတာ..
ကမ္မာပျက်တော့မယ့်အတိုင်းပဲ... ဒီမှာငါပြောပြမယ်...
အခုတော့ မင်းယောက်ျား အဲ...အ့ကောင်လေးကို ယူလိုက်ပါကွာ...နောက်မှ အကြိုးအကြောင်းပြောပြီး ကွာရှင်းလိုက်ပေါ့...
သူလည်းယောက်ျားလေးပဲ ယောက်ျားချင်းချင်းအကြာကြီးတော့
မနေနိုင်လောက်ပါဘူး..
ကြာရင်ငြီးငွေ့သွားမှာပါ ...... အေး ပြီးတော့......တော့...
ဟေ့ရောင် ငါပြောတာမပြီးသေးဘူးလေ... ဘယ်ထွက်သွားတာလဲ ..."..
..
..
..
..
..
..
..
.."Hello~ Woah! ထူးထူးဆန်းဆန်း Phoneတွေပါတွေဆက်လို့ပါလား ... ဘာလဲ မနက်ဖြန်weedingအတွက် ရင်ခုန်နေပီလား ...? Wu-Yi-Fan shi"
YOU ARE READING
Don't Worry Because I'm Here «KrisYeol»
Fanfiction#WuYifan #ChanYeol #KrisYeol #Yaoi Start date: 2015.Sept.11 End date: 2017.May.23