Kris's POV-
"Chanyeol !!Park Chanyeol ရေထဲမဆင်းနဲ့လေ "
ကမ်းစပ်ရောက်တော့
ကျနော်ကိုတွဲထားတဲ့လက်တွေဖြုတ်ပြီး ရေထဲဆင်းဖို့ပြေးသွားတဲ့ထိုကလေးဆိုလေးကို ကျနော်အော်ပြောမိတယ်"Chanyeol!!"
တကယ်လည်းပြောရဆိုရခက်တဲ့ကောင်လေး
စကားကိုဘယ်တော့မှနားမထောင်ဘူး"HYUNG!! HYUNG လည်းလာလေ ရေကသိပ်မအေးပါဘူး
ပျော်ဖို့ကောင်းတယ် "ကမ်းအစပ်နားလေးကရေလှိုင်းတွေနဲ့ဆော့ကစားနေတဲ့ သူက ကျနော့်ကိုလှမ်းကာအော်ခေါ်တယ်
ကျနော်မသွားမိ .......
"HYUNGGGG!!လာခဲ့လေ"
သူထပ်အော်ခေါ်ပြန်တယ်
Chanyeolဆော့ကစားနေတဲ့ နေရာနဲ့ မျက်နှာချင်းဆိုင်လောက်က ခုံတစ်ခုံမှာ ကျနော်ထိုင်လိုက်တယ်
သူက သူစိတ်ဆိုးတိုင်းလုပ်တတ်တဲ့ ဆူပုတ်ပုတ်မျက်နှာနဲ့ကျနော့်ကိုလှမ်းကြည့်တယ်....
ကျနော် ဂရုမစိုက်မိ ခရီးပန်းလာတာကြောင့် ခုံတန်းပေါ်ခဏမှေးလိုက်မိတယ်
..................
"Hyung...hyung....WuYifan...."
ကျနော့်လက်မောင်းကိုကိုင်လှုပ်လာတဲ့ အေးစက်စက်လက်တစ်စုံ
မျက်စိဖွင့်ကြည့်လိုက်မိတော့ Chanyeol...
ကျနော် အိပ်ပျော်သွားတာပဲသူ့ကိုကြည့်လိုက်မိတော့ အနွေးထည်ကချွတ်ထားတယ်
ဝတ်ထားတဲ့ရှုပ်အကျီင်္ကလည်းရေစိုရွဲလို့..."Chanyeol အနွေးထည်ဝတ်ထားလေ ရေတွေလဲစိုရွဲနေပြီ
ကဲလာ...အခန်းပြန်ကြမယ်""နေဦး..hyung ကျနော် မပြန်ချင်သေးဘူး"
ကျနော်က အခန်းဆီပြန်ဖို့မတ်တပ်ရပ်တော့ သူကထိုခုံပေါ်ထိုင်ပြီးပြောလာတယ်
"ဘာ ?? မပြန်ဘူး?? ကိုယ့်ကိုယ်ကိုလည်းပြန်ကြည့်ဦးChanyeol ရေလဲစိုရွဲလို့ ချမ်းလည်းချမ်းနေပြီမလားး
လာပါပြန်ရအောင်နော်"ဒီလောက်ရေတွေစိုရွဲ ပင်လယ်လေအေးတွေကလည်းတိုက် နေတာကို သူတော်တော်ချမ်းနေမှာ အမှန်ပင်
YOU ARE READING
Don't Worry Because I'm Here «KrisYeol»
Fanfiction#WuYifan #ChanYeol #KrisYeol #Yaoi Start date: 2015.Sept.11 End date: 2017.May.23