~~ ~~ ~~ ~~
ဒီနေ့ မင်္ဂလာပွဲနေ့တောင် ရောက်သွားခဲ့ပြီ..................
ကျနော်ရင်တွေအရမ်းခုန်နေတယ်....
ကြည့်လို့မှကောင်းရဲ့လား ဆိုပြီး လည်ပင်းကဖဲပြားလေးကို
လက်နဲ့ပြင်လိုက် ...
တစ်ခါမှသပ်သပ်ရပ်ရပ်မထားဖူးတဲ့ကျနော့်ဆံပင်ရွှေဝါရောင်လေးကို
အကြိမ်ကြိမ်သပ်တင်လိုက်နဲ့ အလုပ်ရှုပ်နေတယ်....တစ်သက်လုံးမှာတခါပဲ ရှိတဲ့
သူနှင့်ကျနော့် နှစ်ယောက်ထဲ ဘဝတစ်ခုကိုတည်ထောင်ဖို့
စတင်တဲ့ ပထမဆုံးနေ့ရက်လေး မှာ....
ကျနော်အခန့်ညားဆုံးဖြစ်ချင်မိတာတော့အမှန်ပဲ....
အထူးသဖြင့် သူ...သူ့ရှေ့မှာကျနော်ခန့်ခန့်ညားညားလေးဖြစ်ချင်သည်...သူကော အခုချိန်ပြင်ပြီးပြီလား မသိဘူး...
သူကတော့ ကျနော့်ထက်အခန့်ညားဆုံးဖြစ်နေမှာအမှန်ပဲ....ကျနော့်ရဲ့ အခုပုံစံကိုမြင်ရင်ကော
သူ...သဘောကျပါ့မလား??...သူရဲ့ ပုံစံလေး ဘယ်လိုဖြစ်နေမလဲ ကျနော် မျိုးစုံစိတ်ကူးကြည့်နေမိသည်...
"သားလေး Yeol..အဆင်သင့်ဖြစ်ပြီလား?"
Ommaက လာခေါ်တော့ ကျနော်လည်း
အဝတ်အစားကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ထပ်မံ ပြုပြင်လိုက်ရင်း ထွက်လာဖို့ပြင်လိုက်တယ်....တံခါးအဝမှာ တွေ့လိုက်တာ က သူ...
Wu Yifan...သူ...သူ အရမ်းခန့်ညားတာပဲ
ကျနော့်လိုမျိုးပဲ သူ့ရဲ့နက်မှောင်နေသောဆံပင်တွေကို
သပ်တင်ထားသည်...သူ့အတွက် နှိုင်းယှဉ်ပြီး အမွှန်းတင်စရာ စကားလုံးပင်မရှိတော့ဘူး...
ကျနော့်ရဲ့ သတို့သားလေးက တကယ်ကိုခန့်ညားလွန်းတာပါ...
xDပြုစားနိုင်လွန်းတယ် Wu Yifan ရယ်.....
ကျနော့်ကို သူကလက်ကမ်းပေးသည်...
သူ့လက်ကလေးတွေ က တကယ်ကို နူးညံ့ပြီးနွေးထွေးလွန်းတယ်...
ဒါ ပထမဆုံး သူနဲ့ထိတွေ့ရခြင်းပဲ...ကျနော်.....
ရင်တွေလည်းခုန်လွန်းလို့...ဝုန်းဒိုင်းကြဲနေပြီ...
သူ ကျနော့်ကိုကြည့်ပြီး သွားလေးတွေပေါ်တဲ့အထိ ရယ်နေတယ်....အရာရာတိုင်းက ကျနော့်အတွက် ပထမဆုံးတွေချည်းပဲ...
ဒီနေ့လေး ကျနော်အရမ်းပျော်တာပဲကျနော်အရမ်းပျော်သလို....သူလည်းပျော်ပါ့မလား......?
~sigh~*Fighting!!Park Chanyeol
မင်း လုပ်နိုင်တယ် ဘာမှမကြောက်နဲ့
စိတ်လျှော့ စိတ်လျှော့ထား Park chanyeol !!*ကိုယ့်ကိုယ်သာကို စိတ်ထဲကနေ အားပေးလိုက်ရင်း
သူ့ လက်မောင်းကလေးကို ချိတ်ပြီး ခန်းမထဲ တစ်လှမ်းချင်းလျှောက်သွားလိုက်တယ်...
ကျနော်ကတော့ ပျော်လွန်းလို့ ပါးစပ်ပင်မစိနိုင်လောက်အောင်ကို
ဖြီးထားမိသည်......xD xDသူကတော့ ခပ်တည်တည်ပင်..အဲ့ဒါလေးတွေကိုပဲ ကျနော်ကသိပ်ချစ်နေရတာလေ....
မင်္ဂလာ အခမ်းအနားကိုတော့ ommaတို့ကပဲ တိုင်ပင်ပြီးစီစဉ်ပေးထားခြင်းဖြစ်သည်...
တခမ်းတနားကြီးထက်....ကျနော်တို့ မိသားစုလာနေကြ
ဘုရားကျောင်းလေးမှာပဲ အကျဉ်းချုံးပင်ပြင်ဆင်ကျင်းပလိုက်သည်...ခမ်းနားဖို့မှမလိုတာလေ...... ကျနော့်အနားမှာ
သူရှိနေရင်ပဲအရာရာက ခမ်းနားလွန်းနေပီပဲကို...မိသားစုတွေပဲ အကျဉ်းချုံးလုပ်တဲ့မင်္ဂလာပွဲမလို့
လက်ခုပ်သြဘာပေးသံတွေကတော့
အနည်းငယ်တိတ်ဆိတ်နေသည်......တိတ်ဆိတ်မှုကြောင့်......
ကျနော်ရဲ့ အခုန်လွန်နေသော နှလုံးခုန်သံလေးကိုတော့
သူ ကြားကောင်းကြားနိုင်ပါသေးရဲ့................................***TBC>>>>
xD xD ဒီမှာပဲရပ်ထားပျဇေ xD
တိုသွားလို့စိတ်မရှိကြပါနက် Gamsamitha~ all reader-nim
90°Bow <3
YOU ARE READING
Don't Worry Because I'm Here «KrisYeol»
Fanfiction#WuYifan #ChanYeol #KrisYeol #Yaoi Start date: 2015.Sept.11 End date: 2017.May.23