Cater to you~~

2.7K 252 6
                                    

~~~~ ~~~~ ~~~~ ~~~~ ~~~~ ~~~~

"Chanyeol...ဘာမှမကျန်​ခဲ့​စေနဲ့​နော်​..."

Chanyeol အခန်းတံခါးကို ​ခေါက်​ပြီး သတိ​ပေးလိုက်​မိတယ်​.....

"Nae..hyung!!"

ကျ​နော်​တို့Honeymoon ခရီးက
ဒီ​နေ့​နောက်​ဆုံးဆို​တော့
အိမ်​ပြန်​ဖို့ စီစဉ်​​နေရပြီ​လေ......

ခဏကြာ​တော့ Chanyeolက
ပစ္စည်း​တွေ ​သေချာစီစဉ်​ပြီး ခရီး​ဆောင်​အိတ်​ထဲထည့်​​နေတဲ့
ကျ​နော့်​ ​ဘေးနားလာထိုင်​တယ်​...

"Hyung~ အိမ်​မပြန်​ခင်​​လေး
hyungနဲ့အတူတူလမ်း​လျှောက်​ထွက်​ချင်​တယ်​ "

က​လေးတစ်​​ယောက်​လို လာချွဲနွဲ့ပြီး ​တောင်းဆို​နေပြန်​​တော့လည်း......

"ခဏ​လေးပဲ​စောင့်​​နော်​...hyungပစ္စည်း​တွေအကုန်​ထည့်​ပြီးရင်
သွားကြမယ်​"

"တကယ်​​နော်​...?? ကျ​နော်​ကူထည့်​​ပေးရဦးမလား ??"

"Arrnyi..မလိုပါဘူးကွာ.... :) ​အေး​ဆေးထိုင်​​နေ
ဟုတ်​ပြီလား?"

"Nae Nae!! :D"

အင်း......ကျ​နော်​ထို​ကောင်​​လေးအ​ပေါ် သိသိသာသာ
ပြောင်းလဲသွားတယ်​​ပြောရမလား.....

အတူ​နေရတဲ့အချိန်​အတိုင်းအတာတစ်​ခု​ကြောင့်
ပဲ ဖြစ်​မှာပါ​လေ......
ထို​ကောင်​​လေးကို ကျ​နော်​ သံ​ယောဇဉ်​ဖြစ်​မိတာ​တော့အမှန်​ပဲ......

"ကဲ ပြီးပြီ :) သွားကြရ​အောင်​"

ထုံးစံအတိုင်း ကျ​နော့်​လက်​ကိုသူလာဆွဲသည်​.....

အတူလက်​တွဲ​လျှောက်​ရင်း...​လေထု​အေး​အေး​လေကိုသာ
ရှုရှိုက်​ခံစား​နေမိတယ်​....

ထို​ကောင်​​လေးနဲ့လက်​တွဲထားရတာ
ကျ​နော့်​အတွက်​​တော့အဆင်​မ​ပြေလှဘူး.....

သူ့ရဲ့လက်​​တ​စ်​ချောင်းချင်းစီက
ကျ​နော့်​ကိုတင်းတင်းကြပ်​ကြပ်​မရစ်​​နှောင်​ထား​ပေမယ့်​လည်း.....
တွဲထားတဲ့လက်​ကို 
ဖြည်​လိုက်​ဖို့အတွက်
ကျ​နော့်​မှာ အင်​အားမရှိ​ပါ.........

ဆုပ်​ကိုင်​ထားတဲ့ လက်​ဖဝါးနုနု​လေး​တွေက
ကျ​နော့်​အတွက်​ ​တော့ ရုန်းထွက်​ဖို့ အရမ်းခက်​ခဲ​နေတယ်​......

Don't Worry Because I'm Here «KrisYeol»Where stories live. Discover now