"Chanyeolah....ငါ့အမှတ်ကိုငါ့ကိုပြပါနော်......လုပ်ပါနော်....ငါမင်းလုပ်ခိုင်းတာအကုန်လုပ်ပါ့မယ်"
"YEOLLIE.....ဒီလကော...ငါ့အမှတ်...ဘယ်လောက်လဲဟင်..ငါ့ကိုပြောပြာပါနော်...ငါသိချင်လို့ပါ...မင်းလိုချင်နေတာသာပြော...ငါအကုန်ဝယ်ပေးမယ်နော်"
"OPPA...YEOL....ဒီလ..BAE..အဆင့်ဘယ်လောက်ရလဲ...OPPAကြိုသိနေတယ်မလား....ပြောပြပါနော်"
စာမေးပွဲပြီးချိန် စာစစ်ပြီးချိန်တိုင်း CHANYEOL အမြဲလိုလိုကြားနေရတဲ့ အသံတွေပါ ဒါတွေကရိုးနေပါပြီ သူက ဘာလောက်မှတောင်မတန်တဲ့ ကြည့်ပြီးတာနဲ့ အမှိုက်ဖြစ်သွားမဲ့ စာရွက်တစ်ရွက်ကို ထုတ်ပြလိုက်ရုံနဲ့ သိန်းသောင်းမကတဲ့ ပိုက်ဆံတွေ သူ့ဆီဝင်လာရမြဲပါ ငတုံးတွေ
အချိန်နည်းနည်းလောက် စောင့်လိုက်ရုံနဲ့ သိလိုက်ရမဲ့ အမှတ်တွေကို မစောင့်ပဲနဲ့ သိချင်နေလိုက်ကြတာ ရယ်စရာကောင်းလိုက်တာ ဒါပေမဲ့ CHANYEOL ကအမြဲတမ်းပေးစမြဲပါ သူ့ကိုလည်း ဘယ်သူကမှရန်မစရဲကြဘူး တစ်ချို့ဆို ကွယ်ရာတောင်မှအတင်းမပြောရဲကြတာ ဟုတ်သားဘဲ သူကဘယ်သူလဲ လွှတ်တော်အမတ်ရဲ့သားလေ
CHANYEOL အပြုံးလေးတစ်ခုပန်ဆင်လိုက်ပြီး စာရွက်တစ်ရွက်ကို အိပ်ကပ်ထဲကထုတ်ပြီး သူ့စားပွဲပေါ်ကတင်ကာ အပြင်ထွက်သွားလိုက်သည်
နောက်ဘက်မှ
"ဟာာာာာာာ ဒီတစ်ခါလည်းသူဘဲလား"
ရယ်တော့ရယ်ရသားနော် ကျွန်တော်ဘဲ အဆင့်တစ်အမြဲရခဲ့တယ် ကျွန်တော်ကမေးခွန်းကိုကြိုသိနေခဲ့တာကိုး ဒါပေမဲ့ ကျွန်တော် အဲ့မေးခွန်းကို ဘယ်တော့မှ လွှင့်ပစ်ဖို့မစဉ်းစားပါ ဒါမှသူများတွေကလေးစားမှာ
*smirk*
✏ ✏ ✏ ✏ ✏ ✏ ✏ ✏
YAHHH!!! DO KYUNGSOO!!မလုပ်နိုင်ဘူးလား လုပ်နိုင်ပါတယ် မင်းကဘယ်သူလဲ KYUNGSOOလေ KYUNGSOO