CHANYEOLတစ်ယောက် လောကကြီးတစ်ခုလုံးကို ပိုင်ဆိုင်သွားသလိုခံစားသွားရလေသည် သူက တကယ်တော့ KYUNGSOOက သူ့ကို ချစ်စရာလေးလို့ ပြောတဲ့အတွက် အရမ်းကိုပျော်သွားပြီး အဲ့ဝတ်စုံကို မချွတ်ဘဲ ထားလိုက်တာ အရမ်းအိုက်လာလည်း မလဲဘဲနေလိုက်ရော ဒါနဲ့ သူတစ်ကိုယ်လုံး ချွေးအအေးပတ်ပြီး ဖျားသွားတော့ OMMAက သူ့ကို အင်္ကျီလဲပေးတာတောင်
မလဲချင်ဘူး အတင်းပြောပြီး ဒီအတိုင်းနှစ်ရက်ဆက်တိုက် ဆက်ဝတ်ထားတာ (ငင့် နံထှာ စတာလို့XP) ကျောင်းလည်းမသွားဖြစ် ဒါပေမဲ့ သူ့ကို ကလေးလေးက သတင်းလာမေးမယ်လို့ လုံးဝမထင်ထားခဲ့တာပါ ဒါကြောင့် အဲ့ကလေးလေးကို ကျေးဇူးတင်လွန်းလို့ ဖက်ထားလိုက်တာပါ
သူအိပ်မက်မက်နေတာလားတောင် မသိတော့ ခါတိုင်း သူနဲ့တစ်ကျက်ကျက်ရန်ဖြစ်နေတဲ့ သူချစ်ရတဲ့သူက သူ့ရင်ခွင်ထဲကနေ သူ့အတွက် စိုးရိမ်တဲ့အမူအရာနဲ့ စကားလေးတွေပြောပေးနေတယ်လေ
KYUNG ''မင်းအင်္ကျီလဲရမှာနော် ဒီအတိုင်းပဲ အကြာကြီးနေရင် ကိုယ်တွေပိုပူလာလိမ့်မယ် "
နားဝင်ချိုလိုက်တာ သူနေ့တိုင်း နေမကောင်းဖြစ်ရင် ဘယ်လောက်ကောင်းလိုက်မလဲ ကျေးဇူးတင်ပါတယ် ကိုယ့်ရဲ့ ကလေးလေး ကလေးစကားအတိုင်း နားထောင်ပါ့မယ်ဗျာ
KYUNG "YAAAAAAAAAAA,PARK CHAN YEOL~~ငါ့ရှေ့မှာချွတ်မလို့လား~သွား~~ရေချိုးခန်းထဲသွားချွတ် ဒါမှမဟုတ် ငါ အပြင်ထွက်ပေးမယ် မင်း အင့်"
အမယ်လေး အသံကလည်း ပြဲထာနော် သူ့ပါးစပ်ကို လက်နဲ့အုပ်လိုက်မှာဘဲ နားလေး နည်းနည်း ချမ်းသာရာရတော့တယ်
နေမကောင်းတဲ့ သူပါဆို သူ့လိုက်ထိန်းနေရတာနဲ့ဘဲ ဟူးးးးးးးး
သူကစိတ်ပူပြီးပြောတာနဲ့ ကျွန်တော် CHANYEOL ဝမ်းသာလုံးဆို့ပြီး ကျားဝတ်စုံကို ကြယ်သီးလေးတွေဖြုတ်ပြီး ချွတ်လိုက်တာလေ အဲ့ဒါ အပေါ်ပိုင်းဗလာနဲ့ ဖြစ်နေတုန်း အဲ့တစ်ယောက် လန့်ပြီးအော်လိုက်တာပါ အစကသူလည်း ကြောင်နေတာနေမှာပေါ့ ဟူးးးးးးးး တော်သေးတယ် ငါလဲ အကုန်ချွတ်မိတော့မလို့ အောက်မှတစ်ထပ်ဘဲကျန်တော့တယ် XD