Evening 2 p.m.
"Hyung,TVကြည့်ရအောင်"
ကျောင်းအားလပ်ရက် ညနေခင်းမို့ အိပ်ခန်းထဲက နောက်မှီမပါတဲ့ ထိုင်ခုံပေါ်မှာ ထိုင်ပြီးစာဖတ်နေတုန်း
နောက်ကနေ ရုတ်တရက် ပေါ်လာကာ သူ့ကို BACK HUGလုပ်ပြီး ချွဲတဲ့တဲ့အသံနဲ့ မကျယ်တကျယ် ပြောလာတဲ့ JONG KOOK
ဒီတစ်ယောက်ကတော့ ကလေးစိတ်မကုန်သေးဘူးဘဲ ချွဲလည်းချွဲတတ်တယ် TVကြည့်ချင်တာများ ငါ့လာခေါ်နေသေး ကြည့်ရင်လည်း ကာတွန်းကားတွေပဲ ကြည့်မှာကို စိတ်ထဲမှာတော့ တော်တော်ငေါက်ပြီးနေပြီ XP တကယ်တော့ ပါးစပ်က ထွက်သွားတာကလေ
"OMM,kookie,ဘာကားကြည့်ချင်လဲပြော,Hyungနဲ့ အတူတူကြည့်မယ်လေ"တဲ့
"Hyung,ကျွန်တော်ကလေ ကွန်ဖူးပန်ဒါ ကြည့်ချင်တာကို ဟိုစိတ်ပုပ်တဲ့လူကြီးကလေ သူကြည့်ချင်တဲ့ စစ်တိုက်တဲ့ဇာတ်ကားပဲ ထိုင်ကြည့်နေတာ ကျွန်တော့်ကိုလည်း မကြည့်ခိုင်းဘူး,သိလား Hyung အီးဟီး အငယ်ကို ဦးစားပေးရကောင်းမှန်းလည်းမသိဘူး TV Controlကိုလည်း သူဘဲ မောင်ပိုင်စီးလုပ်ထားတာလေ ဟင့်"
ပြောရင်းနဲ့တောင် ငိုမဲ့မဲ့ဖြစ်လာတဲ့ အဲ့ကွက်ကီး အဲလေယောင်လို့ JONG KOOKကြောင့် KYUNG SOO အရည်ပျော်စပြုနေလေပြီ ဘယ်ဘဝက ကုသိုလ်လား အကုသိုလ်လားတော့မသိ သူ့မှာ ကလေးတွေပဲ လိုက်ထိန်းနေရတယ်လေ ကျောင်းမှာတော့ ဟိုဆယ်ဘူး အိမ် အင်းပေါ့လေ အိမ်ပေါ့ ခဏလေးနေပေမယ့်လေ အိမ်မှာကျ ကွက်ကီး တစ်ယောက်တစ်လှည့်စီ ထိန်းနေရတာ မျောက်လောင်းတွေကို ထိန်းရတဲ့ အလုပ်ဆိုတော့ အလုပ်အလွန့်အလွန်တော်တော်ကို ရှုပ်ပေမဲ့ ပျော်ဖို့တော့ကောင်းသား XD
"ဘယ်လိုဖြစ်ရတာလဲ,kookieရယ်,ခါတိုင်းဆို မင်းက သူ့ထက်ကြီးတဲ့ကောင်တွေကိုတောင် အနိုင်ပိုင်းခဲ့တာမဟုတ်ဘူးလား"
ဟုတ်တယ်လေ ကျွန်တော်ပြောတာ မှားမှမမှားတာ သူက CHAN YEOLထက် ခန္ဓာကိုယ်ကော စိတ်ကောကြီးတဲ့သူတွေကိုတောင် ဉာဏ်စိမ်း ဉာဏ်ဝါ ဉာဏ်ဖြူတွေသုံးပြီး နိုင်ခဲ့တာလေ