"ဘာ!!!!!!!ဘာပြောတယ်Oh Se Hun!
ထပ်ပြောလိုက်စမ်း..ထပ်ပြောလို်က်စမ်းပါ"
Namsan towerကိုရောက်တော့ ချိန်းထားသည့် နေရာတွင် Sehunရှိမနေ၍ Kyung Sooတစ်ယောက် ဖုန်းလှမ်းခေါ်ရာမှ ဤကဲ့သို့ အော်သံလေး ညင်ညင်သာသာထွက်လာရခြင်းဖြစ်လေသတည်း
Chan Yeolလည်း Kyung Sooနားသို့
ယောင်လည်လည်နှင့် ကပ်သွားကာ အဘယ့်ကြောင့် Kyung Sooဤကဲ့သို့ အော်ရသည်ကို စူးစမ်းကြည့်နေလေသည်
"Bor?????luhanကိုတွေ့လို့???အဲ့လောက်တောင် ဘူးထရသလား ကောင်စုတ်လေးရဲ့ ငါတို့အိမ်နဲ့NAMSANက ဘယ်လောက်တောင်ဝေးလဲ ဘယ်လောက်တောင် ဝေးလဲ!!!!"
"*€||´"
"ဘာ!!!!မသိဘူး???
တောက်!မင်းမသိတာလား မသိချင်ယောင်ဆောင်ပြနေတာလား....ဘယ်လို???နက်ဖြန်တစ်ရက်တောင်ပိတ်သေးတယ်???တော်ပြီတော်ပြီ...မင်းနဲ့.နောက်ဘယ်တော့မှ မချိန်းတော့ဘူး လုံးဝကိုမချိန်းတော့ဘူး ဘယ်တော့မှဘဲ
Never!!!!!!!!!!"
VOCALကောင်းပါသည်ဆိုမှ ကျယ်ကျယ်အော်လိုက်သော Kyung Sooကြောင့် Chan yeolလန့်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းလည်းမသိ သူလည်း နည်းနည်းတော့အပြစ်ရှိသလိုခံစားရသည် သူသာနောက်မကျရင် ဒီလိုဖြစ်မှာမဟုတ်ဘူးလို့ တွေးရင်းလေ စိတ်တိုနေပုံရသော Kyung Sooက လိုချင်တာမရ၍ စိတ်ကောက်နေသော ကလေးလေးနှင့် သဏ္ဌာန်တူနေတာကြောင့် သူ့မှာချော့ရမလား ဒီလိုချစ်ဖို့ကောင်းနေတဲ့ အခိုက်အတန့် လေးကို လက်မလွှတ်ပဲ ငေးရမလား တွေဝေနေပြန်သည်
"ဘာလဲ???ဘာလို့ဒီအတိုင်းနေနေတာလဲ လာအိမ်ပြန်မယ် နောက်တစ်ခါ ဘယ်တော့မှလာမတွေ့ဘူး...လာပါဆို...အရပ်ကြီးက ဂလန်ဂလားနဲ့ နှေးကလည်းနှေးသေး Yaaaaaaaaa,ဘာလုပ်နေတာလဲ ကျောက်ရုပ်ကြီးကျနေတာပဲ မြန်မြန်လာ အကောင်ကြီးပြီး အချိန်မစီးဘူး ဒါနဲ့များ$££€€¿*"