KYUNGSOO ဒီနေ့တော့ စနေနေ့ ဖြစ်တာကြောင့် မျက်လုံးက ပွင့်ချင်နေပေမယ့် အတင်းပိတ်ကာ စောင်ကို ခေါင်းမြီးခြုံပြီး ကုန်းရုန်း အိပ်နေလိုက်သည် ဒီနေ့တော့ အပီကို အိပ်ပြိုက်မယ်ပေါ့ ALARMတွေကိုလည်း အကုန်ပိတ်ပြီး ပြတင်းပေါက်တွေလဲ အကုန်ပိတ်ပြီးပေါ့နော် ဒါပေမဲ့ မကြာပါဘူး ချစ်တုန်းသဲတုန်း
OMMAက လာနှိုးတယ်လေ:3
"KYUNGSOO သား ထတော့လေ ထတော့"
"NAE OMMA သား.... ထ....နေ....ပြီ....ခ...ဏ...ေ...န...ရ....င.်...နိ...ုး....ေ..န..zzz.ZZZ"
KYUNGSOOလည်း မြန်မြန်ထပြီး နိုးထဖို့ကြိုးစားပေမယ့် တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကြောင့် မတ်တပ်ကြီး ငိုက်သွားပြန်တယ်:p
"YRRRRR,DO KYUNGSOO!!!!!!"
အသံလာပြီးတာနဲ့ နောက်ထပ်လာမဲ့ ချစ်မေမေကြီးDAE DAEရဲ့လက်ဝားပျံ ခြေဖဝါးပျံတွေကို သားတော်မောင် KYUNGSOO ဖင်တုန်ရင်တုန်အောင် ကြောက်တာကြောင့်
"နိုးပြီ!!!!!နိုးပြီဒီတစ်ခါ တကယ်နိုးပြီ OMMA "
ဆိုပြီး ရေချိုးခန်းထဲဝင်သွားရော ဝှစ်:::::
လူဆို အရိပ်တောင် မမြင်လိုက်ရဘူး ဆိုတာ:p
❆ ❆ ❆ ❆ ❆ ❆ ❆ ❆
KYUNGSOOလည်းရေကိုအားရပါးရချိုးပြီး
အိမ်နေရင်းပေါ့ပေါ့ပါးပါး အဝတ်အစားလဲကာ မနက်စာစားရန် အောက်ဆင်းဖို့ ပြင်တုန်းမှာ သဲတုန်းမွှေစိန် OMMA လာပြောတာက
"KYUNGSOOရေ မနက်စာကို ဒီနေ့တော့ အပြင်ကဆိုင်မှာ သွားစားကြမလို့ သေချာပြင်ဆင်ထား"တဲ့:3
OMMAကလည်း အစောကြီးပြောတာမဟုတ်ဘူး အလုပ်ကို ရှုပ်တယ်ခုမှလာပြောတော့ သားလဲထားတဲ့အင်္ကျီလေး အားနာစရာ OMMAကဘဲ အားမနာတတ်တာဟွန့်ခုတော့ အချိန်ကြာ နေပြီ စောစောကတည်းကပြောလိုက်ရင် ပြီးနေပြီဟာကို
ကျယ်ကျယ်ပြောလျှင်ကြားမည်စိုး၍တိုးတိုးလေးပြောနေခြင်း:p