"Chan yeol ရေ မင်းကလေးကိုသွားနှိုးအုံး..
ဒီမှာကအေးတယ်ကွ..""ဟမ်!!..chen ...ဘယ်ကငါ့ကလေးလဲ.."
"ဟိုမှာလေ.."
Chen လက်ညှိုးထိုးပြရာကိုကြည့်လိုက်တော့..
Baek hyun ဆိုသောကောင်ဆိုးလေး...
ထိုင်ခုံရှည်တစ်ခုအပေါ်တစ်ခုတွင်ကိုယ်လေးကိုကျုံ
ကာအိပ်နေလေသည်.."ဟူး....တကယ်ခေါင်းမာတဲ့ ကောင်ပဲ.."
Chan yeol သက်ပြင်းချရင်း baek hyun အိပ်နေရာသို့လျှောက်သွားသည်...
ဆောင့်ကြောင့်ထိုင်လိုက်ပြီး Baek hyun မျက်နှာ
ကိုကြည့်နေမိသည်...Yeol pov-
ရုပ်ကတော့ပါပီပေါက်စလိုလိုကလေးလိုလိုရုပ်..
ဖြူစင်တဲ့ကလေးမျက်နှာလေး...
အကျင့်ကတော့မကောင်းလိုက်တာ...
ဆိုးသွမ်းပြီးဂျစ်ကန်ကန်ကောင်ဆိုးလေး..
Chan yeol သူ့ကင်းလှည့်ရင်ခြုံနေကြစောင်
လေးကိုယူကာ baek hyun အပေါ်ကနေခြုံပေးလိုက်သည်...Baek hyun ကတော့ တုတ်တုတ်ပင်မလှုပ်...
လှုပ်လို့လည်းမရဘူးလေ...
ခုံကအနံကျဉ်းကျဉ်းလေရယ်...
တစ်ချက်လောက်လိမ့်လိုက်ရင်
ကြမ်းပြင်နှင့်မိတ်ဆွေဖြစ်သွားလိမ့်မည်....
Baek pov-
ငါ့ကိုစောင်လာခြုံပေးတယ်...
ကြင်နာတတ်တဲ့နှလုံးသားရှိတဲ့ ရဲသားကြီး
GOOD NIGHT...!!________________________
"ဝှါးးး......အီ....ညောင်းလိုက်တာ...."
Baek hyun အပျင်းကြောဆန့်ကာ ပါးစပ်ကိုရေမြင်းကဲ့သို ဖြဲကားကာ သန်းနေသည်...
ထို့နောက်....
မျက်လုံးတို့က ရဲစခန်းအတွင်းပတ်လည်ပတ်ချာကြည့်ကာ တစ်စုံတစ်ယောက်ကိုရှာဖွေနေသည်

YOU ARE READING
Side Effect (Completed)
Randomချစ်မိတယ်နော်... အချစ်မှာ side effect မရှိဖူးထင်ရင်မင်း မှားသွားမှာပေါ့ အချစ်ရှိရင်နာကျင်မှုဆိုတဲ့ side effect ကို မင်းခံစားရမှာပဲ... မမေ့နဲ့.... Chanbaek(yaoi) My fifth fic in Wattpad... Enjoy yourself....♡ ♡ ♡