Ep.18

7.5K 675 33
                                    


တိတ်​ဆိတ်​ခြင်း...
ငြိမ်​သက်​ခြင်း...တို့ကတိုက်ခန်းေ​​လးအတွင်း​ကြီိးစိုးလို့..

ကျ​တော်​​ရှေ့​မှောက်​တွင်​ရှိ​နေ​သောသူ...
တစ်​ချိန်​ကကျ​တော်​ရင်​နှင့်​အမျှချစ်​​ရ​သောသူ..
တစ်ချိန်က​​ကျ​တော့်​အသည်းနှလုံးတစ်​ခုလုံးရဲ့ အရှင်​သခင်​...

အခုထိလား?
အင်း...အခုထိလို့​ပြောလို့ရ​ပေမယ့်​...
ကျ​တော့်​စိတ်​ထဲမှာတစ်​မျိုးပဲ...
သူကျ​တော့်​မျက်​စိ​ရှေ့​မှောက်​မှာမြင်​​နေရတာကို မနှစ်​မြို့ဖွယ်​အ​ငွေ့အသက်​​တွေခံစား​နေရတယ်​...

ကျ​တော့်​အ​ရှေ့တွင်​ထိုင်​​နေ​သော
ကျ​တော့်​ချစ်​ရတဲ့ Byun baekhyun က
အရင်​ကနဲ့မတူ​​တော့ဘူး
အဝတ်​အစားပုံစံကအစအရင်​ကလိုက​လေးမဆန်​​တော့​ပေ...
All black suit နဲ့တစ်​မျိုးကြည့်​​ကောင်း​နေတယ်​.
ကျ​တော့်​က​လေးလို့ထင်​ထားတဲ့သူရင့်​ကျက်​​နေပြီ
ထင်​တယ်​...
သူမရှိတဲ့အချိန်​​တွေကျ​တော့်​အတွက်​ငရဲ​ပေမယ့်
သူက​တော့ အဆင်​​ပြေ​နေသလိုပင်​...
အရင်​က Liner ထူထူနက်​နက်​​လေးများဖြင့်
ဂျစ်​ကန်​ကန်​လမ်းသရဲ​လေးပုံစံမဟုတ်​​တော့​ပေ...
မျက်​နှာတစ်​ခုလုံးက​ပြောင်​ရှင်း​နေကာပန်းနု​ရောင်
ဆံနွယ်​ပွပွ​လေး​တွေအစားအနက်​​ရောင်​ဆံ​ကေသာ
တို့က​ပုံကျ​သေသပ်​စွာ...
သို့​သော်ခ​န္ဓာကိုယ်​ ​သေး​သေး​လေးက​တော့အရင်​အတိုင်း​ပေ..

တိတ်​ဆိတ်​​နေခြင်းက..
ကျ​တော့်​တို့နှစ်​ယောက်လုံး​​စကားစရှာမရခြင်း..
နှစ်​နှစ်​ ဆိုတဲ့အချိန်​အတွင်း...
သူကျ​တော့်​​ဘေးနားမှာမရှိတဲ့အချိန်​​တွေမှာ
ကျ​တော့်​မှာသူ့ကို​ပြောစရာ​တွေ ​ပြောမကုန်​​အောင်
ရှိ​သော်​ငြား...အခုကျ​တော့်​ဘယ်​​နေရာကစ​ပြောရမှန်းမသိ​အောင်​ပင်​...

မျှော်​လင့်​ခဲ့တယ်​...
သူ​ကျ​တော့်​ရှိပြန်​လာမယ့်​​နေ့
ဒီလို​နေ့လိုမျိုး...

ရောက်​လာပြန်​​တော့..ကျ​တော့်​​ပျော်​ရမည်​မလား..
သို့​​သော်​ ကျ​တော့်​ရင်​ခုန်​သံ​တွေသွက်​လက်​ခြင်းမရှိ
အ​အေးခန်းထဲထည့်​ထားသကဲ့သို့​အေးစက်​ထုံထိုင်း
ကာ နှလုံးသားဖုန်​တက်​​နေပြီ...

Side Effect (Completed)Where stories live. Discover now