Ep.21

6.3K 591 43
                                    

ဘုရားသခင်​...

ဒီမြင်​ကွင်း​တွေကြား...ဒီ​အ​ခြေအ​နေ​တွေကြား...
ဒီလို​နေ့ရက်​​တွေကြား...လွတ်​​မြောက်​​အောင်​ဖန်
ဆင်း​ပေးပါဗျာ..!

"Sora...Baby...ခဏ...ကိုယ့်​အသိလာ​နေလို့..."

ဘယ်​လို​ပြောလိုက်​တယ်​...
အသိတဲ့...
ကျ​တော်​ကသူ့အတွက်​အသိတဲ့...
ပြောရက်​တယ်​ဆိုတာထပ်​​ပြောရက်​၏...

တစ်​စိမ်းဆန်​တဲ့စကား​တွေ..
တစ်​စိမ်းဆန်​တဲ့အကြည့်​​တွေ..
ဘာမှမဖြစ်​သလိုမျက်​နှာ​သေဖြင့်​...
ရုပ်​ရှင်​​တွေထဲကလိုပဲဘာခံစားချက်​မှမရှိတဲ့
မင်းသားပုံစံဖြင့်​...

ခေါ်လိုက်​တဲ့အ​ခေါ်အ​ဝေါ်ကထိုအမျိုးသမီးကို
Baby တဲ့...

ကျ​တော်​တစ်​​ယောက်​လုံးကိုမြင်​တာ​တောင်
သူ့ရဲ့ပျက်​ယွင်း​နေ​တဲ့အင်္ကျီကိုပြန်​လည်​ပြင်​ဆင်​လိုက်​ကာဆံပင်​များကိုလက်​ဖြင့်​ထိုးဖွ​နေ၏..

"ဘာလုပ်​​နေတာလဲ...မတ်​တပ်​ကြီး..လာထိုင်​​လေ.."

သူ​ဘေးနားကလွတ်​​နေတဲ့​ Sofa​နေရာတွင်​ထိုင်
လိုက်​၏..

"Sora စိတ်​မစိုး​တော့ဘူးသိလား..Oppa..
ပြန်​​တော့မယ်​..."

"အင်း...Call me baby...!"

Baekhyunကနှုတ်​ခမ်းနားကိုလက်​ဖြင့်​​တေ့ကာ
ဖုန်းဆက်​ဆိုတဲ့သ​င်္ကေတဖြင့်​ Soraကိုလုပ်​ပြ​နေ၏..

သူ့​ဘေးနားမှာထိုင်​​နေတဲ့ကျ​တော်​က အရူး​ပေါ့​နော်​...မဟုတ်​ဘူးအရူးဆိုတာထပ်​​ဘောင်​မဝင်​တဲ့သူ​တစ်​​ယောက်​​လေ...Baekhyunဆိုတဲ့သူ့အ
တွက်​...

"ကဲ...ဘာ​သောက်​မလဲ...."

သြော်​...Soraဆိုတဲ့အမျိုးသမီးနဲ့အပြုံး​တွေအကြည့်​​တွေဖလှယ်​ပြီး​တော့မှကျ​တော့်​ဖက်​ကိုလှည့်​လာ၏..

နေပါအုံး...
Baekhyun ရဲ့ပါး​စောင်​နားနဲ့နှုတ်​ခမ်းအထက်​တွင်​​ပန်း​ရောင်​​အဆီ​တွေ...

"ဘာ​သောက်​မလဲဆိုတာကို..လူကိုမမြင်​ဖူးသလို
ဘာလို့ဒီ​လောက်​ကြည့်​​နေရတာတုန်း..."

ဘာမှမဖြစ်​သလိုကျ​တော့်​ကိုသူသာမန်​စကား
တွေ​ပြော​နေတယ်​...
Baekhyun မျက်​နှာ​ပြောင်​လိုက်​တာကွာ...
မင်း ​အော်​စကာရ​လောက်​တယ်​...

Side Effect (Completed)Where stories live. Discover now