Ep.16

7.6K 582 27
                                        


တစ်​ပတ်​ပြည့်​သွားပြီသိလား??

ကျ​တော့်​အနားကသူထွက်​သွားတာ....

ကျ​တော့်​နားမှာတစ်​သက်​လုံးရှိ​နေမယ်​လို့မထင်​ထား​ပေမယ့်​အဲ့​လောက်​မြန်​မြန်​ထွက်​သွားခဲ့မယ်​လို့
ကျ​တော်​မထင်​ထားခဲ့ဘူး...

ကျ​တော့်ကို​ဘာမှမ​ပြောပဲထွက်​သွားခဲ့တာ...

သူ့ကျွတ်ကျန်ခဲ့တဲ့​​ရှူးဖိနပ်​​လေးတစ်​ရံ​ကြောင့်
သွေးရိုးသားရိုးမထင်​ခဲ့ဘူး​လေ...

အဲ့တာ​ကြောင့်​ကျ​တော်​လိုက်​ရှာခဲ့​ပေမယ့်​သူ့
သတင်းအစအန​​လေးနည်းနည်း​တောင်​မကြားရပါ​လေ...

စစချင်းတုန်းကအသိစိတ်​လွှတ်​​နေတဲ့သူလိုပဲ...
ကျ​တော့်​အနားက​နေမိနစ်​အနည်းငယ်​က​နေရှိ​နေတဲ့
ကျ​တော့်​ချစ်​သူ ရုတ်​ချင်းကြီး​ပျောက်​သွားခဲ့တာ​လေ...

ကျ​တော့်​ရင်​ထဲကအသည်းနှလုံးကိုဆွဲထုတ်​လိုက်​​သလိုဟာတာတာနဲ့ ကျ​တော့်​ဦး​နှောက်​ထဲမှာ
Baekhyun ရဲ့ပုံရိပ်​​တွေကသာချာချာလည်​​နေခဲ့တယ်​...

အရူးတစ်​ပိုင်းလို့ ကစားကွင်းတစ်​ခုလုံးမှာ​ Baekhyun နာမည်​ကို​အော်​​ခေါ်ကာအရူးတစ်​ပိုင်း
လိုရှာခဲ့​ပေမယ့်​သူ့ကိုကျ​တော်​ပြန်​မ​တွေ့ခဲ့ဘူး...

Chenကိုအကူအညီ​တောင်း​ပြီးစုံစမ်းရှာ​ဖွေခဲ့​သော်​လည်းသူ့ကိုကျ​တော်​ပြန်​မ​တွေ့ခဲ့ဘူး...

သူ့နာမည်​ကလွဲရင်​သူ့အ​ကြောင်းကိုသူနဲ့ ပတ်သတ်ရင် ​​​တခြား ဘာမှမသိခဲ့တဲ့ကျ​တော့်
စဉ်းစားမိသမျှနည်းလမ်း​တွေနဲ့ရှာခဲ့​သော်​လည်း
ကျ​တော်​သူ့ကိုပြန်​မ​တွေ့ခဲ့ဘူး...

ဟုတ်​တယ်​​နော်​...
ကျ​တော်​အရမ်းညံ့ခဲ့တာ...

Byun baekhyun ဆိုတဲ့နာမည်​ကလွဲရင်​ကျ​တော်​သူနဲ့ပတ်​သတ်​တာသိထားတာဘာမှမှမရှိတာ...
ကျ​တော်​ရင်​နဲ့အမျှချစ်​တယ်​ဆိုတဲ့သူရဲ့​အ​ကြောင်း
ကိုဘာမှမသိခဲ့တဲ့ကျ​တော်​...
အရမ်းကို တုံးတာအလွန်းခဲ့တယ်​...

သူတစ်​ခုခုများဖြစ်​​နေမလား?
ဒုက္ခ​ရောက်​​နေမလား?

စစ​တွေ့ချင်းကလို ရန်​​တွေများဖြစ်​​နေမလား?
ဒါမှမဟုတ်​ ဟိုတစ်​​ခေါက်​တုံးကလိုသူ့ကိုမ​ကောင်း
ကြံ့တဲ့သူ​တွေနဲ့​တွေ့​နေမလား...?

Side Effect (Completed)Where stories live. Discover now