Luhan's POV
"ဘယ်လိုလဲ မနေ့က… Minseok အိမ် သိခဲ့ရလား"
ကျွန်တော့်လက်ထဲရှိ မီးခြစ်ကို လှည့်ကစားရင်း မေးလိုက်သည်။ Chanyeol မသိခဲ့မှန်း မျက်နှာကြည့်လိုက်သည်နှင့် တန်းသိသော်လည်း
တမင်စချင်၍ ပြုံးပြီးမေးလိုက်ခြင်းဖြစ်သည်။"ဟင့်အင်း.. မသိခဲ့ဘူး...ကျွန်တော် သွားတော့
Minseok hyung မရှိတော့ဘူး.."
ဆိုဖာပေါ် မှောက်ခုံအိပ်ရင်း ပျင်းရိပျင်းတွဲသံဖြင့်
ပြန်ဖြေလေရဲ့။"သိတော့ရော.. သူ့အိမ်သိတော့ လိုက်သွားပြီး
ပြောပြမှာလား?.. . မင်းရဲ့ ထူးဆန်းအံ့ဖွယ်အကြောင်းတွေကို?..""အင်းပေါ့! ပြောပြမလို့က.ို"
ဆိုဖာပေါ်တွင် မှောက်နေရင်းမှ ထထိုင်ပြီး
ကျွန်တော့်ကို သေချာကြည့်ပြီး ပြောလာသည်။
ဒီကောင်လေး အတည်ပေါက်ကြီးပဲ။"ပြောတော့ ဟိုက ယုံမှာတဲ့လား... ရူးသွားပြီပဲ ထင်မှာ!"
ဆေးလိပ်တစ်လိပ် ပါးစပ်နားတေ့ပြီး လက်ထဲရှိ
မီးခြစ်နှင့် မီးမြှိုက်လိုက်သည်။Chanyeol လည်း
ဘာမှပြန်မပြောတော့။ ကျွန်တော်ပြောတာလည်း မှန်နေသည်ကိုး။"Hyung! သောက်ပြန်ပီလား အဲ့တာတွေ ... ပေးဒီကို!!"
Chanyeol လာလုမည်စိုး၍ ပါးစပ်တွင် အတင်းဖိခဲထားလိုက်သည်။
သူ လုပြီးလျှင် ထိုဆေးလိပ်ကို နှစ်ပိုင်းပိုင်း ဒါမှမဟုတ် မြေကြီးပေါ်ပစ်ချပြီး ဖနောင့်ဖြင့် တက်နင်းတတ်သည်။ နှမြောရမှန်းကိုမသိဘူး ဒီကောင်လေး ။ ပါးစပ်တွင် ခဲထားသည်ကို ပြန်ယူကာ သူမမှီအောင် နောက်သို့ ပို့ထားလိုက်သည်။"မလုပ်နဲ့။ ဒီတစ်လိပ်ပဲ ကျန်တော့တာ.. ဒါကုန်ရင် မသောက်တော့ဘူးဆို"
"ဒီတစ်လိပ်ပဲ ဒီတစ်လိပ်ပဲနဲ့ ဘယ်နှခါရှိနေပြီလဲ..
နေအုံး hyung ညက ကလပ်သွားခဲ့တယ်မလား. ရန်လည်းဖြစ်လာတယ်မလား..
နဖူးမှာ ဒဏ်ရာတွေပိုလာတာ သိတယ်နော်"
ကျွန်တော့်လက်ထဲက ဆေးလိပ်ကို အတင်းဆွဲလုသွားရင်း ပြောသည်။ ဒီကောင်လေးတော့ တကယ်ပဲ။"နည်းနည်းပါ . .မလိမ္မာတဲ့ကောင်တွေကို နည်းနည်းလေး ဆုံးမပေးလိုက်တာ..ငါ ရေသွားချိုးတော့မယ်"
ကျွန်တော်လည်း ရေချိုးခန်းထဲအမြန်ဝင်လာလိုက်သည်။
ရန်ဖြစ်သည့်အကြောင်းများကို Chanyeolအား မသိစေချင်။ အငယ်က လေးစားရသည့်၊ အားကိုးရမည့် အကိုကြီးတစ်ယောက်ဖြစ်ချင်မိသော်ငြား နေ့တိုင်းလိုလို ရန်ဖြစ်လိုက် ဒဏ်ရာရလိုက်ဖြင့် အငယ်ကို စိတ်ပူအောင်ပင် လုပ်မိနေသည့် အကိုကြီးဖြစ်နေပြီမဟုတ်လား။