"မင်း နိုးနေပြီလား"
Luhan hyung၏ မေးသံကို ကြားသော်လည်း ကျွန်တော် အင်း တစ်လုံးမှလွဲ၍ မဖြေနိုင်။
မျက်စိက ခုထိဖွင့်၍မရသလို ခေါင်းထဲတွင် တဆစ်ဆစ် ကိုက်ခဲနေသည်။"ရော့ ပျားရည်သောက်လိုက်အုံး ..လာ ထ"
မျက်လုံး အတင်းဖွင့်ပြီး ပျားရည်သောက်လိုက်မှ
အနည်းငယ် သက်သာသွားသည်။"ကဲ ပြောစမ်းပါအုံး..ညက အကြောင်းလေး
ဘယ်လိုဖြစ်ပြီးတော့ ကလပ်နားမှာ မူးပြီးအိပ်နေရတာလဲ""ဟုတ်သားပဲ ညက!!အဲ့တာ hyungကို မေးရမှာ
အဆင်ပြေလား! ထိခိုက်မိတာရှိသေးလား!
ကျွန်တော့်မှာဖြင့် စိတ်ပူလိုက်ရတာ""ဘာတွေလာပြောနေတာလဲ park chanyeol
အမူးမပြေသေးဘူးလား"ကျွန်တော်လည်း ညက hyungဆီမှ ဖုန်းလက်ခံရသည့်အကြောင်း။ hyung ပြန်ပေးဆွဲခံရသည့်အကြောင်း။ ကျွန်တော်လည်း ကလပ်သို့ လိုက်သွားရကြောင်း ပြောပြလိုက်သည်။
ထိုအခါမှ Luhan hyung အော်ရယ်တော့သည်။
သူ့ ဖုန်းက ထိုလူတွေလက်ထဲ ကျန်ခဲ့သည်တဲ့လေ။ တကယ်ပါပဲ။"ကဲပါ ဘာမှမဖြစ်တာပဲ တော်သေးတယ်..ဒါနဲ့
မင်းက ဘာလဲ clubရောက်လက်စနဲ့
သောက်ခဲ့တယ်ပေါ့လေ""ကျွန်တော်လည်း ရေဆာလို့ သောက်လိုက်ပေမယ့်… ရေမဟုတ်ဘူး ထင်ပါတယ်…နောက်တော့ ကျွန်တော် အရမ်းမူးပြီး ကလပ်ထဲက ပြန်ထွက်လာရတယ်
နောက်တော့ နောက်တော့ ဘာဖြစ်သေးလဲ.."ကျွန်တော် ဆက်စဉ်းစား၍မရတော့ပါ။ နောက်တော့ ဘာဖြစ်သွားတာလဲ။ စဉ်းစား စဉ်းစား။ ကလပ်ထဲက ထွက်လာတယ်။ နံရံနားမှာ ရပ်ပြီး ပြီးတော့..။ အားး ခေါင်းကိုက်တယ်။ စဉ်းစားလို့ မရဘူး။
"မင်းဘာသာမင်း မူးပြီးလဲနေတာပဲနေမှာပါ..
သိပ်ပြီး ပြန်စဉ်းစားမနေနဲ့ ခေါင်းကိုက်မယ်။
မင်း ပြသနာမရှာလာတာပဲ ကျေးဇူးတင်တယ် နော် chanyeol ပြန်အိပ်တော့"Luhan hyung မတ်တပ်ရပ်ပြီး
အခန်းထဲမှ ပြန်ထွက်ခါနီးတွင်
ကျွန်တော့် အတွေးထဲ ဝိုးတိုးဝါးတား ပုံရိပ်များ
မြင်ယောင်လာသည်။"Hyung!!!! သေပြီ ကျွန်တော်တော့ သေပြီ
မဟုတ်ဘူးး သူ သေပြီထင်တယ် hyung!!! ဘယ်လိုလုပ်ကြမလဲ . . "