" Luhan Hyung!! အဆင်ပြေလား"
အသံခပ်သြသြနဲ့ကောင်လေးက မေးခွန်းထုတ်သည်။"အင်း..အထူအဆန်းလုပ်ပြီးလာမေးနေပြန်ပီ"
မျက်နှာမှာ ညိုမဲဒဏ်ရာတွေနဲ့ Luhanဆိုသူက ပြန်ဖြေသည်။သူတို့နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရယ်မိကြသည်။
"မြန်မြန်လာ Hyung! အိမ်ရောက်မှ ကျွန်တော် ဆေးထည့်ပေးမယ်"
"အမလေးး မလုပ်ပါနဲ့ ကျေးဇူးရှင်ရယ်။ ခင်များလေး လက်နဲ့ထိမှ ကျွန်တော်မျိုး အသက်ထွက်သွားပါအုံးမယ်။ ငြိမ်ငြိမ်လေးသာ နေပါ နော် ..ငြိမ်ငြိမ်လေး..ဟုတ်ပီလားChanyeol."
ည အမှောင်ရိပ်များကြားမှ သူတို့နှစ်ယောက်
အော်ရယ်သံများဖြင့် ပြည့်နှက်သွားသည်။
ပျော်ဖို့ကောင်းပါသည်။ Luhan ဆိုသည့် စိတ်ဆက်သည့်သူနှင့် Chanyeolဆိုသည့် အစသန်သော သူနှစ်ယောက် သူငယ်ချင်းဖြစ်နေရတာ။ နှစ်ယောက်က တည့်ပြီး အတိုင်အဖောက်ညီသော်လည်း
အစအနောက်သန်သော ပြသနာအိုးလေး Chanyeolကြောင့် Luhanပါငြိမ်မနေရဘဲ ပြသနာအိုးထဲ ပါပါသွားတတ်သည်။
တစ်ခါက Chanyeol အနောက်ကောင်းလို့ ကောင်မလေးတစ်ယောက် ငိုပြီးသူ့ဘဲဆီ ပြန်ပြေးသည်။ နောက်နေ့ ထိုကောင်မလေး၏ဘဲနှင့် Luhanတို့ ဖိုက်ရပြန်သည်။ Luhanက ဘာလို့လဲ?!
Chanyeol စသော ပြသနာတိုင်းကို သူငယ်ချင်းလို အစ်ကိုတစ်ယောက်လိုLuhan လိုက်ဖြေရှင်းရသည်မှာ အကြောင်းတစ်ခုတော့ရှိပေလိမ့်မည်။"အား နာတယ် Chanyeolရဲ့..ဖြည်းဖြည်းထည့်ပါဟ"
"ခဏပဲ အောင့်ထားHyung ပြီးတော့မယ်.. Hyung က ငြိမ်ငြိမ်နေလေ မရုန်းနဲ့။ ရုန်းရင် ပိုနာလိမ့်မယ်။"
"အာ့ အားး နာတယ်.. မပြီးသေးဘူးလားး တော်တော့ ငါ့ဘာသာငါလုပ်တော့မယ် ဖယ်"
ChanYeolသည် Luhanအား
ဆေးထည့်ပေးနေခြင်းဖြစ်သည်။ Luhanဆိုသည်မှာလည်း ရန်ဖြစ်နေသည့်အချိန်နှင့် ဒဏ်ရာအား ဆေးထည့်သည့်အချိန် ဆီနှင့်ရေလိုကွာခြားသည်မှာ အမှန်၊။ ယခုပင် အသံပြဲနှင့်အော်ဟစ်နေပုံက သက်သေ။Luhan မေ့ပြီး Chanyeol လက်ကိုရိုက်ချလိုက်သည်။
"အားးးး ပူတယ် ကျွတ် ကျွတ် ကျွတ် အားး ဟူးးဟူးးဟူးး"